အောင်ပန်း အထူးကာကွယ်ရေးတပ် ADSF

September 20, 2021

ကလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့  ပအိုဝ်းပြည်သူ့စစ် (PNO)  တို့ ပူးပေါင်းပြီး  အောင်ပန်းအထူးကာကွယ်ရေးတပ်(ADSF)တပ်ကို လာရောက်တိုက်ခိုက်စဉ် တိုက်ပွဲဖြစ်ပြီး  စစ်တပ်ဘက်က  ၂ ဦးသေဆုံး ၃ ဦး ဒဏ်ရာရရှိသွားပါတယ်။

စက်တင်ဘာလ ၁၈ ရက်မနက်က ပင်းတယ-အောင်ပန်းသွား ကားလမ်းဘေး နောင်ရဲရွာနဲ့ ဥမင်ရွာ အနီး စခန်းချထားတဲ့ အောင်ပန်းအထူးကာကွယ်ရေးတပ်ကို ဝင်တိုက်ခဲ့တာဖြစ်ပြီး နောင်ရဲရွာ ဥမင်ရွာသား ၃ ဦးကို  ရိုက်နှက်ဖမ်းဆီးသွားတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

"ADSF အောင်ပန်းအထူးကာကွယ်ရေးတပ်က သူတို့လာမယ်ဆိုတာသိလို့ စောင့်တိုက်တာ စစ်တပ်နဲ့ PNOက လက်နက်ကြီးတွေ သုံးလာတော့ နောက်ဆုတ်ပေးလိုက်တယ်။ ကျဆုံးမှုတော့ မရှိဘူး။ တပ်စခန်းကိုတော့ ဆုတ်ခွာပေးလိုက်ရတယ်"လို့ ပြောပါတယ်။

အောင်ပန်းအထူးကာကွယ်ရေးတပ်ကို စက်တင်ဘာလ ၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့  NUG အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

2 years Ago
Up