အောင်ပန်းမြို့

A d v e r t i s e m e n t With Us

October 22, 2020

ဆေးရုံတွင် ကလေးမီးဖွားသည့် အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ အမှတ်(၂) တပ်မတော်ဆေးရုံ (ကုတင် ၇၀၀) မှာ တက်ရောက်မီးဖွားခဲ့တဲ့ အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ပြီး ကလေးငယ်မှာတော့ မတွေ့ဘူးလို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ပိုး‌တွေ့လူနာအမျိုးသမီးဟာ  အမှတ်(၂)တပ်မတော်ဆေးရုံ(ကုတင် ၇၀၀) မှာ အောက်တိုဘာ ၁၈ ရက်က တက်ရောက်မီးဖွားစဉ် ဆေးစစ်ကြည့်တဲ့အခါ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး မွေးဖွားတဲ့ကလေးမှာတော့ ပိုးမတွေ့ရှိရဘူးလို့ ကလောမြို့နယ်ဒုအုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက ပြောပါတယ်။ လူနာကို အမှတ် (၂) တပ်မတော်ဆေးရုံ (ကုတင် ၇၀၀) မှာပဲ ကုသပေးနေပြီး၊ ဆက်စပ်ထိတွေ့မိသူ မိသားစုဝင် ၅ ဦးကိုလည်း ဆေးရုံမှာ အသွားအလာကန့်သတ်ထားမယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာဟာ မီးမဖွားခင်က ကလောမြို့နယ်၊ မြင်းမထီကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာမှာ ၁ လလောက် ပြန်နေခဲ့ပြီး ရွာမှာနေထိုင်တုန်းက လူနာမေးလာကြတဲ့ ထိတွေ့မိသူ ၁၄ ယောက်လောက်ကိုလည်း အောက်တိုဘာ ၂၂ နေ့မှာ နမူနာယူစစ်ဆေးသွားမယ်လို့ ရှမ်းပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ ဇဝနကိုက ပြောပါတယ်။ ပိုးတွေ့လူနာနေထိုင်ခဲ့တဲ့ မြင်းမထီကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာကို အောက်တိုဘာ ၂၁ ရက်ကနေ ၃၀ ရက်အထိ လော့ဒေါင်း (အဝင်အထွက်၊ အသွားအလာကန့်သတ်) ချထားတယ်လို့ သိရပြီး ခရီးသွားရာဇဝင်မရှိ၊ ရောဂါပိုးရှိသူနဲ့ ထိတွေ့ခြင်းရှိမရှိ မသိရသေးတာကြောင့် ဒေသခံ တချို့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
4 months Ago

June 1, 2020

အောင်ပန်းမြို့အနီး ကျပ်သန်း ၄၀၀၀၀ ခန့်တန်ဖိုးရှိ အိုက်စ် (ICE) မူးယစ်ဆေးများ ထပ်မံဖမ်းမိ

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့အနားမှာ ကျပ်သန်းပေါင်း ၄၀၀၀၀ လောက်တန်ဖိုးရှိတဲ့ အိုက်စ် (ICE) မူးယစ်ဆေးတွေကို ထပ်ပြီး ဖမ်းမိတယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ မေ ၂၄ ရက်မနက်က ဖမ်းမိခဲ့တဲ့အမှုတရားခံတွေကို စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးမိခဲ့တဲ့ ကားနဲ့အတူ နောက်ထပ် ၁၂ ဘီးကားတစီးနဲ့လည်း မူးယစ်ဆေးတွေ တင်ဆောင်လာတယ်ဆိုတာ သိခဲ့ရတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဆက်လက်ရှာဖွေရာမှာ မေ ၂၉ ရက် မွန်းလွဲ ၁ နာရီလောက်က ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီး-ကလောသွားကားလမ်းဘေးမှာ ရပ်တန့်ထားတဲ့ ၁၂ ဘီးကားကို တွေ့ခဲ့ရပြီး ကားနဲ့အတူ အသက် ၂၆ နှစ်အရွယ် ဇော်မင်းထွေး(ခ)ကျားပေါက် ကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီကားကနေ ICE (မက်သာအဖက်တမင်း)၁၅၃၄ ကီလို (တန်ဖိုး ကျပ်သန်းပေါင်း ၃၈၀၀၀ ကျော်)၊ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီအမှုမတိုင်ခင် ဖမ်းမိခဲ့တာကတော့ မေ ၂၄ ရက် မနက်အစောပိုင်း ၂ နာရီလောက်က ရှမ်းပြည်နယ် လွိုင်လင်မြို့၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းပေါ် ဟိုတင့်ရွာနားမှာ ICE(မက်သာအဖက်တမင်း) ၁,၆၁၅ ကီလိုကို တရားခံ ၂ ယောက်နဲ့ အတူဖမ်းမိခဲ့တာပါ။ ဒီအမှု ၂ ခုကနေ ICE (မက်သာအဖက်တမင်း) စုစုပေါင်းအလေးချိန် ၃၁၄၉ ကီလို၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ၇၈၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး တရားခံ အမျိုးသား ၈ ယောက် ဖော်ထုတ်နိုင်ခဲ့တဲ့အထဲက ၄ ယောက်ကို ဖမ်းမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။
9 months Ago
Up