အောက်တိုဘာလ

November 10, 2020

အောက်တိုဘာလအတွင်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုမှ ကန်ဒေါ်လာ ၂ ဘီလီယံရရှိ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အစ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၉ ရက်က ပြောကြားချက်ကို ကိုးကားပြီး Vietnam Plus သတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၃ မီလီ ယံကျော်နဲ့ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကတော့ နိုင်ငံခြားကုန်သွယ်မှုကနေ အမေရိ ကန်ဒေါ်လာ ၈၇၆ ဒသမ ၆ မီ လီယံရရှိခဲ့တာမို့ အခုနှစ်ကတော့ ကျဆင်းသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်ပစ္စည်းတွေထဲမှာ စိုက်ပျိုးရေးထွက်ကုန်တွေ၊ တိရစ္ဆာန်နဲ့ ရေထွက်ကုန်တွေ၊ ဓာတ်သတ္တုနဲ့ သစ်တောထွက်ပစ္စည်းတွေပါဝင်ပြီး အဓိကသွင်းကုန် ပစ္စည်းတွေထဲမှာတော့ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ ကြားခံကုန်စည်ပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ Photo : Photo: myanmartradeportal.gov.mm
2 years Ago
Up