အောက်ဆီဂျင်အိုး ပေါက်ကွဲမီးလောင်မှု

July 13, 2021

အီရတ်ဆေးရုံတွင် အောက်ဆီဂျင်အိုး ပေါက်ကွဲမီးလောင်ပြီး ၄၄ ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံတောင်ပိုင်းက၊ နတ်စီရီယာမြို့မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကု ဆေးရုံတရုံမှာ အောက်စီဂျင်အိုး ပေါက်ကွဲ မီးလောင်ခဲ့လို့ လူ ၄၄ ဦးထက်မနည်း သေဆုံးပြီး ၆၇ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးအရာရှိတွေနဲ့ ရဲတွေက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။

မီးခိုးတွေပြည့်နေတဲ့ အဆောက်အအုံထဲမှာ ကယ်ဆယ်ရေးသမားတွေက အလောင်းတွေကို ပိုက်စိပ်တိုက် ရှာခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ကလည်း အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး နတ်စီရီယာမြို့ထဲက အရပ်ဘက် ကာကွယ်ရေးမန်နေဂျာတွေနဲ့ ကျန်းမာရေးမန်နေဂျာတွေကို ရာထူးက ဆိုင်းငံ့ပြီး ဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပါ တယ်။ ဒါ့အပြင် ဆေးရုံမန်နေဂျာကိုလည်း ရာထူးက ဆိုင်းငံ့ပြီး ဖမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

စစ်ပွဲနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ချွတ်ခြုံကျနေတဲ့ အီရတ်မှာ ကျန်းမာရေးစနစ်ဟာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ထိန်းနိုင်ဖို့ ကြိုးစားရုန်းကန်နေရတာပါ။

လူဦးရေ ၁ ဒသမ ၄ သန်းကျော် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ကူးစက်ခံရသူ ၁၇,၆၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

6 months Ago
Up