အောက်ဆီဂျင်ဘူး လှူဒါန်း

January 13, 2021

ဆာလာက မွေးရပ်မြေအီဂျစ်မှ ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်ဘူးများ လှူဒါန်း

လီဗာပူး တိုက်စစ်မှူး မိုဆာလာဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတဲ့ မွေးရပ်မြေ အီဂျစ်မှာ ရှိတဲ့ ကျေးရွာတွေအတွက် အောက်ဆီဂျင်ဘူးတွေ လှူဒါန်းခဲ့ပါတယ်။ မိုဟာမက်ဆာလာဖောင်ဒေးရှင်းကနေတဆင့် လှူဒါန်းခဲ့တာဖြစ်ပြီး ဆာလာရဲ့ မွေးရပ်မြေ ဖြစ်တဲ့ နာဂရစ်ရွာနဲ့ နီးစပ်ရာတခြားရွာတွေအတွက် အောက်ဆီဂျင် ၁၄ ဘူး လှူဒါန်းခဲ့တာပါ။ ဆာလာဖောင်ဒေးရှင်းရဲ့ အရာရှိက ဆာလာ့ကိုယ်စား သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး လူနာတွေရဲ့ အိမ်အထိ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် လူနာတင်ယာဉ်ကားတစ်စီးကိုလည်း ဆာလာဖောင်‌ဒေးရှင်းက လှူဒါန်းထားပြီး လူနာတွေကို ကွာရင်တင်းစင်တာတွေ ပို့ဆောင်ရာမှာ အသုံးပြုတယ်လို့ သိရပါတယ်။  ဆာလာရဲ့ မွေးရပ်မြေတဝိုက်က လူတွေအတွက် ထမင်းဘူး ၃ သိန်းခွဲလောက်ကိုလည်း လှူဒါန်းခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။  ဆာလာကြီးပြင်းခဲ့ရာ နာဂရစ်ရွာက မြို့တော် ကိုင်ရိုနဲ့ ၁၃၀ ကီလိုမီတာကွာဝေးပြီး ဆာလာ ဖောင်ဒေးရှင်းအနေနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆၄,၀၀၀ အထိ အကုန်ကျခံပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
10 months Ago
Up