အောက်စီဂျင်ပြတ်

A d v e r t i s e m e n t With Us

December 3, 2020

မိုးကုတ် ကျောက်မျက်တွင်းဟောင်းတွင် အောက်စီဂျင်ပြတ်ပြီး လူ ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ သဖန်းပင်ရပ်ကွက်က ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းတစ်ခုထဲမှာ ဒီဇင်ဘာ ၂ ရက်နေ့က လူတစ်ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပြောပါတယ်။ ကျောက်မျက်တူးဖော်တဲ့ တွင်းဟောင်းတစ်ခုမှာ အခင်းဖြစ်ပွားကြောင်း  နေ့လယ် ၂ နာရီလောက်မှာ သတင်းရတာဖြစ်ပြီး  ကယ်ဆယ်ရေးတွေရောက်ရှိတဲ့အချိန်မှာ ဒေသခံတွေက ကယ်ဆယ်ထားပြီးဖြစ်ကာ  သေဆုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မြတ်စေတနာအဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်း တွင်းထဲကနေ ကယ်ဆယ်ဆောင်ရွက်ခဲ့တာလို့  သိရပါတယ်။ သေဆုံးသွားသူရဲ့ အလောင်းကို  မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထား ပါတယ်။ သတင်း - ဟန်နာထက်အောင်၊ ဓာတ်ပုံ - မြတ်စေတနာ လူမှုကူညီရေးအသင်း
3 months Ago

March 15, 2020

အနက် ပေ ၇၀၀ ခန့်ရှိကျင်းထဲ ပိတ်မိနေသည့် လုပ်သား ၁၅ ဦးကို ကယ်တင်

မိုးကုတ်မြို့မှာ မြေအောက်အနက် ပေ ၇၀၀ လောက်ကျင်းထဲ အောက်စီဂျင်ပြတ်ပိတ်မိနေတဲ့ လုပ်သား ၁၅ ယောက်ကို အသက်ရှင်လျက်ကယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မတ် ၁၄ ရက် ညနေ ၅ နာရီလောက်က မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ ညောင်ပင်ကြီးရပ်၊ အုန်းပင်လူးကျင်းလုပ်ကွက်က မြေအောက်အနက် ပေ ၇၀၀ လောက်မှာ တွင်းလုပ်သား ၁၅ ယောက်လောက် အောက်စီဂျင်ပြတ်ပြီး ပိတ်မိနေတာလို့ ဆိုပါတယ်။ ဒါကြောင့် လယ်ဦးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၅၀၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ Mogok Rescue နဲ့ ဒေသခံကျွမ်းကျင်တွင်းလုပ်သားတို့ ပူးပေါင်း ကယ်ဆယ်ရာမှာ ပိတ်မိနေတဲ့ တွင်းလုပ်သား ၁၅ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
12 months Ago
Up