အောက်စီဂျင်ဓာတ်ငွေ့

April 23, 2021

အင်္ဂါဂြိုလ်ပေါ်မှ ပထမဆုံး အောက်စီဂျင်ဓာတ်ငွေ့နမူနာ ထုတ်ယူနိုင်

အင်္ဂါဂြိုလ်ပေါ်သွားယာဉ် Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်ကနေ ပထမဆုံး အောက်စီဂျင် ဓာတ်ငွေ့နမူနာကို ထုတ်ယူနိုင်ခဲ့ပြီလို့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာက ဧပြီ ၂၁ရက်မှာ ကြေညာလိုက်ပါတယ်။

ခြောက်ဘီးတပ် စက်ရုပ်ဟာ အင်္ဂါဂြိုလ်ပေါ်က ကာဗွန်ဒိုင်အောက်ဆိုဒ် ကြွယ်ဝတဲ့ လေထုထဲကနေ အောက်ဆီဂျင်ကို ဂြိုလ်ပေါ်သွားယာဉ်ပေါ်က ပစ္စည်းကိရိယာတွေ သုံးပြီး ထုတ်ယူခဲ့တာပါ။

ဒီလို ပထမဆုံး အောက်စီဂျင်ထုတ်ယူနိုင်တာဟာ နောင်အနာဂတ်မှာ အင်္ဂါဂြိုလ်ပေါ်မှာ လူတွေ အရောက်သွားနိုင်ဖို့  ရည်မှန်းချက်ဖြစ်နိုင်ချေ အခွင့်အလမ်းကို လမ်းဖွင့်ပေးတယ်လို့ နာဆာက ပြောပါတယ်။

အင်္ဂါဂြိုလ် လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ၉၆ ရာခို်ငနှုန်း ပါဝင်တယ်လို့ နာဆာက ပြောပါတယ်။ ပထမဆုံး ထုတ်ယူရရှိတဲ့ အောက်စီဂျင် ပမာဏဟာ ၅ ဂရမ် ဖြစ်ပြီး ဆယ်မိနစ် အသက်ရှူဖို့ လုံလောက်တယ်လို့နာဆာက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

2 weeks Ago
Up