အအေးဘူးများနှင့် ပစ်ပေါက်ခဲ့သည့် မက်ဂရီဂေါနှင့် နိတ်ဒီရာ့ဇ်တို့ ဒဏ်ရိုက်ခံရ

September 12, 2017

အအေးဘူးများနှင့် ပစ်ပေါက်ခဲ့သည့် မက်ဂရီဂေါနှင့် နိတ်ဒီရာ့ဇ်တို့ ဒဏ်ရိုက်ခံရ

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အအေးဘူးတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြတဲ့ ကော်နာမက်ဂရီဂေါနဲ့ နိတ်ဒီရာ့ဇ်တို့ကို ဒဏ်ကြေးပေးဆောင်ဖို့ ချမှတ်ခဲ့ပါတယ်။ ယူအက်ဖ်စီ နာမည်ကြီးကစားသမား ကော်နာမက်ဂရီဂေါနဲ့ နိတ်ဒီရာ့ဇ်တို့ဟာ ပြီးခဲ့တဲ့လက လက်စ်ဗီးဂတ်စ် ကော့ပါးဖီ်းလ်ဒ်ကဇာတ်ရုံမှာ  ပြုလုပ်ခဲ့တဲ့ ယူအက်ဖ်စီပွဲစဉ် ၂၀၂ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အအေးဘူးတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြတာပါ။ ဒီလိုဖြစ်ပွားတာကနေ မက်ဂရီဂေါ ပစ်ခတ်ခဲ့တဲ့ မွန်းစတား အအေးဘူးဟာ လုံခြုံရေးတဦးဖြစ်တဲ့ ပက်ဂ်ကို ထိမှန်ခဲ့ပြီး ပက်ဂ်က တရားစွဲဆိုခဲ့တာပါ။ အအေးဘူးထိမှန်ခဲ့တဲ့ ပက်ဂ်ဟာ ဆေးကုသစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၅၀၀၀ ကုန်ကျခဲ့ပြီး မက်ဂရီဂေါဆီက လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၉၅၀၀၀ ရရှိလိုတာလည်း ဖြစ်ပါတယ်။ မက်ဂရီဂေါရဲ့ ကျူးလွန်မှုကြောင့် ပေါင် ၁၉၀၀၀ ဒဏ်ရိုက်ခံခဲ့ရပြီး ၂၅ နာရီကြာ ထိန်းသိမ်းခံခဲ့ရကာ နိတ်ဒီရာ့ဇ်လည်း ပေါင် ၁၁၀၀၀ ဒဏ်ကြေးနဲ့ ၁၅ နာရီကြာ ထိန်းသိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ကော်နာမက်ဂရီဂေါဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝဲသာကို ရှုံးနိမ့်ခဲ့ပေမယ့် ထိုးသတ်ကြေး ပေါင်သန်း ၁၀၀ ရရှိထားသူလည်း ဖြစ်ပါတယ်။
4 years Ago
Up