အအေးဓာတ်လွန်ကဲ

January 1, 2018

အမေရိကန်တွင် နှစ်သစ်ကူးအကြို အအေးဓာတ်လွန်ကဲ

အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း ရော့ကီးတောင်တန်းမှာ နှစ်သစ်ကူးအကြို အအေး ဓာတ်လွန်ကဲပြီး အနောက်အလယ်ပိုင်းမှာလည်း အပူချိန်စံချိန်တင် ကျဆင်းနေပါတယ်။ နယူးယောက်မြို့ တိုင်းမ်စကွဲရင်ပြင်မှာ အပူချိန် အနုတ် ၁၂ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနေပါတယ်။ နီဘရာစကာ ပြည်နယ်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ အတွင်း အပူချိန် စံချိန်တင် ကျဆင်းနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း အပူချိန် အနုတ် ၃၀ ဒီဂရီ စင်တီဂရိတ်နဲ့ စံချိန်တင်ခဲ့ပါတယ်။ မွန်တားနားပြည်နယ်၊ ဒါကိုတာပြည်နယ် နှစ်ခုနဲ့ မင်နီဆိုတားပြည်နယ်တွေမှာ အပူချိန် အနုတ် ၇ ဒီဂရိကနေ အနုတ် ၃၄ ဒီဂရိအထိ ကျဆင်းနိုင်တယ်လို့ မိုးလေ၀သဌာနက ကြိုတင် ခန့်မှန်းပါတယ်။ လမ်းမတွေမှာ နှင်းတွေ ဖုံးလွှမ်းနေတာကြောင့် အမေရိကန်ပြည်ထောင်စုတလွှား ခရီးသွားလာရာမှာ အခက်အခဲ ဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up