ဂျပန်နိုင်ငံက ဂျပန်မတ်ကေးလို့ခေါ်တဲ့ နှင်းမျောက်တွေက အအေးဒဏ်ကို ခံနိုင်ဖို့ အတွက် ရေပူ စိမ်နေကြပါတယ်။
ဂျပန်နိုင်ငံ နာဂါနိုကျွန်းမှာရှိတဲ့ ဂျီကိုကူဒါနီ မျောက် ဥယျာဉ်ထဲမှာ နှင်းမျောက် အကောင် ၁၆၀ လောက် ရှိနေပါတယ်။
ဒီမျောက်တွေဟာ အအေးဒဏ်က ကာကွယ်နိုင်ဖို့ အတွက် သူတို့နေထိုင်တဲ့ တောင်ပေါ်ကနေ ဆင်းလာပြီး နေ့စဉ် ဒီရေပူရှိတဲ့နေရာကို လာရောက် စိမ့်လေ့ရှိပါတယ်။
မျောက်တွေဟာ တနှစ်မှာ လပေါင်းအတော်များများ နှင်းတွေဖုံးလွမ်းနေတဲ့ သာမာန်လူတွေ မနေနိုင်တဲ့ ချမ်းအေးတဲ့ ဒေသမှာ နေထိုင်လေ့ရှိပါတယ်။
အညိုရောင် အမွေး၊ နီရဲတဲ့ မျက်နှာနဲ့ အမြီးတိုတွေ ရှိနေသလို မျိုးစိတ် ၂ မျိုးရှိတယ်လို့လည်း ဆိုပါတယ်။
5 years Ago