အသေတွေ့ရှိ

January 13, 2018

ရွှေသောင်ယံကမ်းခြေတွင် ဝေလငါးကြီး အသေတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ ကမ်းခြေမှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက ဝေလငါးအသေတကောင် တွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ဒေသခံ ဦးဇေလတ်က ဝေလငါး အသေတစ်ကောင် တွေ့ရှိကြောင်း အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားလို့ တာဝန်ရှိသူတွေ သွားရောက် ကြည့်ရှုစစ်ဆေးရာ ဝေလငါးအထီး ဖြစ်ပြီး အရှည်ပေ ၂ဝ၊ လုံးပတ် ၉ ပေ၊ ဆူးတောင် ၂၅ လက်မ၊ အမြီးအရှည် လေးပေ ခန့်မှန်းပိဿာချိန် ၁၅ဝ လောက် ရှိတဲ့ သေဆုံး ဝေလငါးကြီးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဝေလငါးကြီးကို အမှတ် ၃ ရပ် ကွက်ရှိ မြေလွတ်နေရာမှာ မြှုပ်နှံသွားမှာဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနက အရိုးရယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သတင်းနှင်ဓာတ်ပုံ - ကိုကိုမောင်(ပြန်/ဆက်)
3 years Ago
Up