အသေခံဗုံး

January 16, 2016

မလေးရှားတွင် အသေခံဗုံးခွဲရန်ကြံစည်နေသည့် အိုင်အက်စ်အဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီး

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမြို့ မြေအောက်ရထားဘူတာရုံတခုမှာ အကြမ်းဖက် သမားအဖြစ် သံသယရှိသူ တယောက်ကို ဖမ်းဆီးမိတယ်လို့ ရဲချုပ်က ဇန်န၀ါရီ ၁၆ ရက်နေ့မှာ ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် အမျိုးသားကို ဇန်န၀ါရီ ၁၅ ရက်နေ့က လက်နက်တွေ၊ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်အကြမ်းဖက် အဖွဲ့နဲ့ ပတ်သက်နေတဲ့ စာရွက်စာတမ်းတွေနဲ့ အတူ ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။ ရဲချုပ် ခါလစ် အဘူ ဘာခါရဲ့  သတင်းထုတ်ပြန်ချက်မှာ ဖမ်းမိတဲ့လူကလည်း မလေးရှားမှာ အသေခံ ဗုံးခွဲဖို့ ကြံစည်ေ်နတယ်ဆိုတာကို ၀န်ခံထားတယ်လို့ ဆိုပါတယ်။ သူ့ကို ဆီရီးယားမှာ ရှိတဲ့ အိုင်အက် အဖွဲ့ဝင်တယောက်က ညွန်ကြားချက် ပေးတယ်လို့ ဆိုပါတယ်၊ နောက်ထပ် အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။ အိုင်အက်စ်အဖွဲ့ကို ထောက်ခံတဲ့ တခြား သုံးယောက်ကိုလည်း ကွာလာလမ်ပူမြို့လေဆိပ်မှာ ဇန်န၀ါရီလ ၁၁ ရက်နေ့နဲ့ ၁၅ ရက်တို့မှာ ဖမ်းဆိးမိတယ်လို့လည်း ရဲချုပ်က ပြောပါတယ်။ သူတို့ သုံးယောက်ဟာ ဆီရီးယားဆီကို အသွား တူရကီမှာ ထိန်းသိမ်းခံရပြီး၊  မလေးရှားဆီ ပြန်အလာ ဖမ်းဆီးမိတာ ဖြစ်ပါတယ်။
6 years Ago
Up