အသေခံဗုံးခွဲတိုက်ခိုက်

April 25, 2018

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များကို အသေခံဗုံးခွဲတိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ၊ ကွက်တာမြို့မှာ ဧပြီ ၂၄ ရက်က အသေခံဗုံးခွဲသူ ၃ ဦး ပါကစ္စတန်ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်သူ ၂ ဦးဟာ မီယန်ဟွန်ဒီအရပ်က ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ကို ဝင်တိုက်ခဲ့လို့ လူ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ကွက်တာမြို့ ရဲတပ်ဖွဲ့ ဒုတိယရဲမှူး အက်ဘ်ဒူလ်ရာဇတ်က ပြောပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်သူ နောက်တယောက်ဟာ ရဲကားကို တိုက်ခိုက်ခဲ့လို့ ရဲ ၆ ဦး သေဆုံးပြီး နောက်ထပ် ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒုရဲမှူးက ထပ်ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ မသိရသေးပါဘူး။ ကွက်တာဟာ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ဘလူချီစတန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်လေ့ရှိတဲ့နေရာပါ။ အဲဒီပြည်နယ်မှာ တာလီဘန်၊ အယ်လ်ကိုင်းဒါးနဲ့ အိုင်အက်စ် အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေ လှုပ်ရှားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up