အသေခံတိုက်ခိုက်

A d v e r t i s e m e n t With Us

August 17, 2018

အာဖဂန်ထောက်လှမ်းရေးဌာနကို သေနတ်သမားများ အသေခံတိုက်ခိုက်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ အာဖဂန်ထောက်လှမ်းရေးဌာနကို သေနတ်သမားတွေက သြဂုတ် ၁၆ ရက်မှာ တိုက်ခိုက်ခဲ့ပါတယ်။ အသေခံ တိုက်ခိုက်ရေးသမား ၄ ဦး ပါဝင်တိုက်ခိုက်တယ်၊ အသေခံ ဗုံးခွဲသမားတဦးက သူ့ကိုယ်သူ ဖောက်ခွဲခဲ့ပြီး ကျန် ၃ ဦးကတော့ လုံခြုံရေးတပ်တွေနဲ့ တိုက်ပွဲအတွင်း သေဆုံးတယ်လို့ ပြည်ထဲရေးဝန်ကြီးရဲ့ အကြံပေး ဘဟာ မာဟီယာက ဗွီအိုအေသတင်းဌာနကို ပြောပါတယ်။ ရှင်းလင်းရေးအတွင်း အာဖဂန် လုံခြုံရေးအရာရှိ ၃ ဦး ဒဏ်ရာရပေမယ့် အရပ်သားတဦးမှ အထိခိုက်မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။ အရင်နေ့ကလည်း ကဘူးလ်မြို့တော်တွင်း ရှီးယိုက် မွတ်ဆလင်တွေ အနေများတဲ့ မြို့အစိတ်အပိုင်းထဲက မိုဝတ်ဒ် ကျူရှင်ကျောင်းကို အသေခံဗုံးခွဲလို့ ကျောင်းသားအများစုပါတဲ့ လူ အနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ပါသေးတယ်။ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက တိုက်ခိုက်မှု ၂ ခုလုံး သူတို့လုပ်တာလို့ အခိုင်အမာ ပြောပါတယ်။ အဲဒီနေ့ အစောပိုင်းက တာလီဘန်တွေဟာ အာဖဂန်မြောက်ပိုင်းက ဘာ့ဂလန်မြို့တွင်း စစ်စခန်းကို ဝင်စီးခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၄၀ သေဆုံးခဲ့ပါတယ်။
3 years Ago
Up