အသေခံကားဗုံးခွဲမည့် အိုင်အက်စ်အဖွဲ့ဝင် ပစ်ခတ်ခံရမှုကြာင့် ကားထားထွက်ပြေး (ရုပ်သံ)

November 13, 2016

အသေခံကားဗုံးခွဲမည့် အိုင်အက်စ်အဖွဲ့ဝင် ပစ်ခတ်ခံရမှုကြာင့် ကားထားထွက်ပြေး (ရုပ်သံ)

အကြမ်းဖက်တဦးလို့ ယူဆရသူတဦးက သူ့ရဲ့ကားဗုံးကို ထားခဲ့ပြီး ထွက်ပြေးသွားတဲ့ ဗွီဒီယိုရုပ်သံတခုကို တာကစ်ရှ်နောက်ခံတပ်မှ ထုတ်လွှင့် ဖြန်ချိခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ အလက်ပိုမြို့မှာ အိုင်အက်စ် အသေခံဗုံးခွဲသမားလို့ ယူဆရသူတဦးက သူ့ရဲ့ကားဗုံးကို စွန့်ပစ်ထားခဲ့ပြီးနောက် ကားမီးလောင်ခဲ့တဲ့ ဗွီဒီယိုရုပ်သံကို မေရာရဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ သတင်းမှာ မြင်တွေ့ရမှာပါ။ ရုပ်သံဗွီဒီယိုထဲမှာ အသေခံကားဗုံးခွဲဖို့ လာတဲ့ ဒီသံသယရှိသူဟာ မြောက်ပိုင်းအလက်ပိုတလျှောက် ကားဗုံးကို မောင်းနှင်လာခဲ့ပါတယ်။ ဒါကို တာကစ်ရှ်နောက်ခံတပ်ဖွဲ့ဝင့်တွေက တားဆီးနိုင်ဖို့ သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်နေတာ တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ အိုင်အက်စ်စစ်သွေးကြွဟာ သူ့ကားတိုက်ခိုက်ခတ်ခံရတာကို သိပြီး ကားကိုရပ်ထားကာ ထွက်ပြေးပါတယ်။ သေနတ် ကျည်ဆန်တော်တော်များ သူ့ကိုပစ်ခတ်ပေမယ့် ဒီလူကိုမထိပဲ လွတ်မြောက်သွားပုံရပါတယ်။ အရှေ့အလက်ပိုမြို့မှာလည်း အစားအသောက်ရာရှင်တွေ ပြတ်လတ်နေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပြီး ဆီးရီးယားမြို့ထဲမှာ လူ ၁ သန်းရဲ့ ၄ ပုံ ၁ ပုံလောက်ကို စစ်တပ်က ဝိုင်းထားရလို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက နောက်ဆုံးလက်ကျန် အစားအသောက် ရာရှင်တွေကို နိုဝင်ဘာလ ၁၀ ရက်နေ့က ဖြန့်ဝေပေးနေတယ်လို့လည်း သိရပါတယ်။
6 years Ago
Up