အမေရိကန်ပြည်ထောင်စု ယူတားပြည်နယ် ရစ်ဗားဒေးလ်မြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့က လေယာဉ်ငယ်တစီး အဝေးပြေးလမ်းမပေါ် ပျက်ကျတာကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ ၄ ဦးလုံး သေဆုံးသွားပါတယ်။
အဝေးပြေးလမ်းမပေါ် သွားလာသူ တယောက်မှ ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိပေမယ့် ကြီးမားတဲ့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့ပါတယ်။
အာဏာပိုင်တွေက သေဆုံးသူအားလုံးရဲ့ အမည်နာမတွေကို အတည်ပြုနိုင်ပြီးဖြစ်ပေမယ့် တရားဝင် သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
ဘာကြောင့် အဲဒီလေယာဉ်ငယ် ပျက်ကျရသလဲဆိုတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago