အဝေးပြေးလမ်းမ

March 31, 2017

အမေရိကန်တွင် အဝေးပြေးလမ်းမ ကုန်းကျော်တံတားအောက် မီးလောင်ပြီး လမ်းပိုင်းတခုပြိုကျ (ရုပ်သံ)

မတ်လ ၃၀ ရက်နေ့က အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့အနီးက အမှတ် ၈၅ အဝေးပြေးလမ်းမကြီးရဲ့ ကုန်းကျော်တံတားတခုအောက်မှာ မီးလောင်ကျွမ်းတာကြောင့် လမ်းပိုင်းတခု ပြိုကျပျက်စီးခဲ့ပါတယ်။ သေဆုံးမှုရှိတယ်လို့ မကြားရပေမယ့် အနားကလမ်းတွေအားလုံးကို ပိတ်ထားတာကြောင့် အဲဒီနေရာကို ရှောင်သွားကြဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက တွစ်တာမှာ ရေးသားခဲ့ကြပါတယ်။ အခုချိန်ထိတော့ မီးလောင်ကျွမ်းရခြင်းရဲ့ အကြောင်းရင်းကို မသိရသေးပါဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

February 8, 2017

အဝေးပြေးလမ်းမပေါ် ကား ၄ စီး ကြောက်မက်ဖွယ် ဆင့်ကဲတိုက်၊ တစီးမီးလောင်ကျွမ်း (ရုပ်သံ)

တရုတ်နိုင်ငံမှ အဝေးပြေးလမ်းမတခုပေါ်မှာ ကား ၄ စီးဟာ ကြောက်မက်ဖွယ် ဆင့်ကဲတိုက်မိခဲ့ပြီးနောက် ကားတစီး မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ရှန်ဟိုင်းမြို့၊ နန်ပူတံတားအနီးမှာ ဖြစ်ခဲ့တာလို့ စီဂျီတီအဲန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီမတော်တဆမှုမှာ တခြားထိခိုက်ဒဏ်ရာရတာတွေ မရှိပေမယ့် မီးလောင်ကျွမ်းခဲ့တဲ့ ကားတစီးလုံးကတော့ လုံးဝပျက်စီးသွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ဘေးကဖြတ်သန်းသွားခဲ့တဲ့ ကားတစီးပေါ်ကနေ ရိုက်ယူထားနိုင်ခဲ့ပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေနဲ့ မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့တွေဟာ အခင်းဖြစ်တဲ့နေရာဆီ အလျင်အမြန် လာရောက်ပြီး မီးငြှိမ်းသတ်ပေးခဲ့ကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up