အလေးချိန် ၁၂ စတုံလျှော့ချနိုင်ဖို့ မျှော်လင့်နေသည့် ကမ္ဘာ့အဝဆုံး လူသား

May 9, 2017

အလေးချိန် ၁၂ စတုံလျှော့ချနိုင်ဖို့ မျှော်လင့်နေသည့် ကမ္ဘာ့အဝဆုံး လူသား (ရုပ်သံ)

မက္ကဆီကိုနိုင်ငံမှ ကမ္ဘာ့အဝဆုံးလူသားလို့ သိထားကြတဲ့ ဂျူအန်ပက်ဒရို ဖရန်ကိုဟာ မေလ ၉ ရက် ဒီကနေ့မှာ ခွဲစိတ်ဖို့ရှိနေပြီး သူ့ရဲ့ကိုယ်အလေးချိန်ကို ၁၂ စတုံ လျှော့ချနိုင်ဖို့ မျှော်လင့်နေပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဖရန်ကိုဟာ လက်ရှိမှာတော့ ကိုယ်အလေးချိန် ၅၉၅ ကီလို (၉၃ စတုံ) ရှိနေပြီး ကြီးမားလှတဲ့ အိပ်ယာပေါ်မှာ မလှုပ်ရှားနိုင်ဘဲ နေထိုင်နေရတာပါ။ မကြာသေးခင်ကတော့ ဖရန်ကိုရဲ့ အလွန်အမင်းကြီးထွားလာတဲ့ ကိုယ်အလေးချိန်ကြောင့် အသက်အန္တရာယ် ထိခိုက်လာနိုင်တဲ့အတွက် ဆရာဝန်တွေက ဒီအလေးချိန်ကို လျှော့ချနိုင်ဖို့ အကြံပြုခဲ့ကြရပါတယ်။ ကြီးမားလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် ကုတင်ပေါ်မှာသာ အချိန်ကုန်ဆုံးခဲ့ရတဲ့ ဖရန်ကိုဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတော့ ကိုယ်အလေးချိန် ၁၇၅ ကီလိုဂရမ် (၂၇ စတုံ) လျှော့ချနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ခွဲစိတ်မှုမစတင်ခင် ၅ ရက်လောက်ကတော့ ဖရန်ကိုကို သွေးပုံမှန်လည်ပတ်မှုရှိမရှိ၊ နှလုံးအလုပ်လုပ်ပုံတွေနဲ့ လိုအပ်တဲ့ ပုံရိပ်ဖော်စမ်းသပ်မှုတွေကို လုပ်ဆောင်ထားခဲ့ရပါတယ်။
4 years Ago
Up