အလေးချိန်ပေါင်

August 26, 2017

အလေးချိန်ပေါင် ၁၃၀ ကျော် ဧရာမခြေထောက်ကြီးဖြင့် ခက်ခက်ခဲခဲ အသက်ရှင်နေရသူ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသမီးတဦးဟာ အလေးချိန် ၁၃၂ ပေါင်ရှိတဲ့ ဧရာမ ခြေထောက်ကြီးတဖက်နဲ့ ခက်ခက်ခဲခဲ အသက်ရှင်နေထိုင်နေရပါတယ်။ အသက် ၄၀ အရွယ် ရက်ဇီယာ ဘီဂမ်ဟာ အသက် ၄၀ အရွယ် ကလေး ၂ ယောက်မိခင်ဖြစ်ပြီး မလှုပ်ရှားနိုင်တဲ့ သူ့ရဲ့အခြေအနေကြောင့် ဆွေမျိုးသားချင်းတွေကို မှီခိုရပ်တည်နေရတာပါ။ ဒါဟာ ဆင်ခြေထောက်ရောဂါဖြစ်တယ်လို့ သူက ထင်ပေမယ့် ဘာစမ်းသပ်စစ်ဆေးမှုတွေမှ မလုပ်နိုင်တဲ့အတွက် ဆေးမကုသနိုင်ဘူးလို့ ဆိုပါတယ်။ ခုလိုဖြစ်လာခဲ့တာက လွန်ခဲ့တဲ့ ၁၈ နှစ်ကာလ သူ့ရဲ့ ဒုတိယမြောက်သမီးကို မွေးပြီးချိန်မှာ စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ခြေထောက်တွေဟာ တဖြည်းဖြည်း ကြီးမားရောင်ကိုင်းလာခဲ့တာဖြစ်ပြီး တကယ်လို့များ ဝမ်းဗိုက်ပိုင်းအထိ ရောက်လာခဲ့ရင်တော့ ဒါဟာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဘီဂမ်က “ကျမဟာလည်း တခြားအမျိုးသမီးတွေလိုပါပဲ။ ဒါပေမယ့် ခုတော့ ဆင်းရဲတဲ့ ကျမဆွေမျိုးတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပြီ” လို့ ပြောပါတယ်။ တကမ္ဘာလုံးမှာ ဆင်ခြေထောက်ရောဂါ ခံစားနေရတဲ့သူ သန်းပေါင်း ၁၂၀ လောက်ရှိနေပြီး ခြင်မှတဆင့် ကူးစက်တာမျိုး ဖြစ်ပါတယ်။ ဆင်ခြေထောက်ရောဂါပိုး သယ်ဆောင်တဲ့ ခြင်ကိုက်ရာမှတဆင့် ရောဂါစတင်ကူးစက်ပြီး ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းလာတာမျိုး ဖြစ်ပါတယ်။ အဲဒီအခြေအနေဟာ ခန္ဓာကိုယ်အနှံ့ ဖြစ်နိုင်ပြီး နောက်ပိုင်းအဆင့်တွေမှာတော့ အဖုအထစ်နဲ့ ရေညှိတွေလို အနာအဆာတွေဖြစ်လာကာ သစ်ပင်ရဲ့ပင်စည်လို ပုံသဏ္ဌာန်တွေ ဖြစ်ပေါ်လာပြီး ဆက်လက်မလှုပ်ရှားနိုင်တော့တာမျိုး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘီဂမ်ရဲ့ အခြေအနေဟာ စစ်ဆေးကုသမှုတွေ လိုအပ်နေဆဲဖြစ်ပြီး ငွေကြေးထောက်ပံ့မှု အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
4 years Ago
Up