အလေးချိန်

September 30, 2017

အလေးချိန် ၁၅၀၀ ပေါင်ရှိသည့် ပင်လယ်လိပ်ကြီး ကမ်းပေါ် သောင်တင်သေဆုံး

အလေးချိန် ပေါင် ၁၅၀၀ ရှိတဲ့ ပင်လယ်လိပ်ကြီး ကမ်းခြေပေါ် သောင်တင် သေဆုံးနေလို့ ဘူဒိုဇာနဲ့ ဖယ်ရှားပစ်ခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ သက်ရှိလိပ်တွေထဲမှာ အကြီးဆုံးအမျိုးအစားဖြစ်တဲ့ လယ်သာဘက်ခေါ် ပင်လယ်လိပ်ကြီးကို ပြီးခဲ့တဲ့အပတ်က စပိန်နိုင်ငံ ဘာစီလိုနာနဲ့ နီးတဲ့ ကာလယ်လာ ကမ်းခြေပေါ်မှာ တွေ့ခဲ့တာပါ။ လိပ်ကြီးရဲ့အကျယ်က ၅ ပေ ၇ လက်မရှိပြီး အလေးချိန်က ၇၀၀ ကီလိုဂရမ် (ပေါင် ၁၅၀၀) ရှိတယ်လို့ သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။ ကမ်းခြေပေါ်မှာ လိပ်သေကြီးကို ကိုင်ပြီး ဓာတ်ပုံရိုက်နေကြတဲ့ လူတွေကိုလည်း ရုပ်ပုံထဲမှာ တွေ့ရပြီး ကက်တလန် ကမ်းရိုးတန်းမှာ ပြီးခဲ့တဲ့ တလအတွင်း ရှာတွေ့ခဲ့တဲ့ ဒုတိယအကြီးဆုံးလိပ်ပဲလို့ ဒေသခံသတင်းဌာနတွေက ပြောပါတယ်။ စိုက်ပျိုးရေးဌာနရဲ့ ဝဒ်ဆိုဒ်မှာ လိပ်က သေပြီးပုတ်နေပြီလို့ ရေးထားပြီး လိပ်သေကြီးကို ခွဲစိတ်စစ်ဆေးဖို့ ယူအေဘီရဲ့ တိရစ္ဆာန်ဆေးတက္ကသိုလ်သို့ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ လိပ်ကြီးရဲ့ အရွယ်အစားက ကြည့်ရှု့သူတွေအတွက် အံ့အားသင့်စေပြီး လိပ်ကြီးရဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ ဝေငှကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up