အလောင်းတလောင်း တွေ့ရှိ

November 5, 2016

ကော့သောင်းတွင် ဓားဒဏ်ရာများဖြင့် အလောင်းတလောင်း တွေ့ရှိ

ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာက ဒီရေတောကွင်းမှာ အမည်မသိ အလောင်းတလောင်းကို ဓားဒဏ်ရာအများအပြားနဲ့ နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ အလောင်းတလောင်း တွေ့ရှိကြောင်း အကြောင်းကြားချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကော့သောင်းမြို့ မြို့မရဲစခန်းက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ အသက် ၄၅ နှစ်အရွယ် အမည်မသိအမျိုးသားတဦးကို ခန္ဓာကိုယ်မှာ စုပေါင်း ဓားဒဏ်ရာ ၃၅ ချက်နဲ့ သေဆုံးနေကြောင်း တွေ့ရှိရလို့  အလောင်းကို မှုခင်းဆေးစာနဲ့အတူ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံ တင်ပို့ခဲ့တယ်လို့ ရဲစခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ အမှုနဲ့ပတ်သက်ပြီး ပုလုံးတုံတုံးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇင်ကိုဦးက တရားလို ပြုလုပ်တိုင်တန်းကာ ကော့သောင်းမြို့ မြို့မရဲစခန်းမှ (ပ)၁၃၉၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပြီး တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပေးပို့သူ-ဦးလတ်ကိုကိုဦး
6 years Ago
Up