အလောင်း

July 28, 2019

လစ်ဗျား ကမ်းရိုးတန်းတွင် အလောင်း ၆၂ လောင်း ဆယ်ယူရရှိ၊ ၁၀၀ ကျော် ပျောက်ဆုံးနေ

လစ်ဗျားနိုင်ငံ ဟွန်းမ်စ်မြို့ ကမ်းရိုးတန်းကနေ အလောင်း ၆၂ လောင်းကို ဆယ်ယူ ရရှိထားပြီလို့ လခြမ်းနီအသင်းရဲ့ ကူညီရေးလုပ်သားက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ သစ်သားလှေတစီး ဇူလိုင် ၂၅ ရက်က နစ်မြုပ်ခဲ့တာပါ။ လူ ၁၁၅ ယောက် ပျောက်ဆုံးနေပြီး ရှာဖွေရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်နေပါတယ်။ တခြားလူ ၁၃၄ ယောက်ကိုတော့ လစ်ဗျားကမ်းရိုးတန်းစောင့်တပ်နဲ့ ဒေသခံ ငါးဖမ်းသမားတွေက ကယ်ဆယ်ခဲ့ပါတယ်။ လူအယောက် ၁၅၀ လောက် သေနိုင်တယ်၊ မြေထဲပင်လယ် ထဲမှာ ဒီနှစ်အတွင်း အဆိုးဆုံး ကပ်ဘေးပဲလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အစောပိုင်းမှာ ပြောပါတယ်။ အီရီထရီးယား၊ အာရပ်နဲ့ ဆဟာရ အာဖရိက ဒေသတွေက ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၅၀ လောက် လှေပေါ်မှာ ပါလာတယ်လို့ လခြမ်းနီအသင်း ဝန်ထမ်းတယောက်က ပြောပါတယ်။ လှေဟာ လစ်ဗျားမြို့တော် ထရီပိုလီရဲ့ ဟွန်းမ်စ်မြို့နား ကမ်းရိုးတန်းမှာ နစ်မြုပ်ခဲ့တာလို့ လစ်ဗျားရေတပ် ပြောခွင့်ရက ပြောပါတယ်။ လစ်ဗျားနိုင်ငံဟာ လှေစီးရင်း ဥရောပကို ရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင် သူတွေနဲ့ ဒုက္ခသည်တွေအတွက် အချက်အခြာ နိုင်ငံလည်း ဖြစ်နေပါတယ်။
2 years Ago

July 19, 2019

စက်လှေတိမ်းမှောက် ​ပျောက်​ဆုံး​နေသည့် ၄ ‌ယောက်မြောက် ​ကျောင်းသူအ​လောင်း​ တွေ့ရှိ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စက်လှေတိမ်းမှောက်ပြီး ရေနစ်ပျောက်ဆုံးနေတဲ့ လေးယောက်မြောက် ကျောင်းသူရဲ့ အ​လောင်းကို ဒီက​နေ့​တွေ့ ရှိခဲ့တယ်​လို့ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​က ပြောပါတယ်။ ဒီက​နေ့ မနက်​ပိုင်း ၁၀ နာရီ​ကျော်​​လောက်​က မင်းတုန်းမြို့နယ်​၊ ပန်းတုန်းရွာ အနီးမင်းတုန်း​ချောင်းထဲမှာ ​တွေ့ခဲ့ရတာလို့ ​တိုင်း​ဒေသကြီးလွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​အေးလှိုင်​ဦးက ​ပြောပါတယ်​။ စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းသူလေးဦး ပျောက်ဆုံးခဲ့တာဖြစ်ပြီး အသက်​ ၁၅ နှစ်​အရွယ်​ ၉ တန်း​ကျောင်းသူတဦးကို ဇူလိုင်​ ၁၃ ရက်​​နေ့၊ အသက်​ ၁၂ နှစ်​အရွယ်​ ၇ တန်း​ကျောင်းသူကို ဇူလိုင်​ ၁၄ ရက်​​နေ့နဲ့ နောက်ထပ် ၇ တန်း​ကျောင်းသူ အလောင်းကို ဇူလိုင်​ ၁၇ ရက်​​နေ့တွေက တွေ့ရှိခဲ့ပါတယ်။ ဇူလိုင်​ ၁၂ ရက်​​က မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နဲ့ မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာကို လူ ၁၈ ဦး တင်​​ဆောင်​လာတဲ့ စက်လှေမှာ မင်းတုန်း​ချောင်းနဲ့ မူး​ချောင်းအဆုံမှာ ​ရေစီးအားသန်​လို့ တိမ်းမှောက်ခဲ့တာပါ။ သတင်း- ကိုလင်း(​ချောက်​)
2 years Ago
More News
Up