အရေးပေါ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ပြော

September 27, 2017

အရေးပေါ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ပြော

ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု စတဲ့ အမျိုးသားအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် အရေးပေါ်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသွားပါတယ်။ ဂျပန်ဝန်ကြီးချုပ်အဖြစ် ၅ နှစ်ကြာ အာဏာရယူထားတဲ့ ရှင်ဇိုအာဘေးက အရေးပေါ်ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အောက်လွှတ်တော်ကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ဖျက်သိမ်းသွားမယ်လို့ ပြောကြားသွားပါတယ်။ “အခုလို အမျိုးသားအကျပ်အတည်းနဲ့ ကြုံနေရတဲ့ကာလ ဂျပန်မှာ လူဦးရေကျုံ့ဝင်မှု၊ သက်ကြီးရွယ်အိုများလာမှု၊ မြောက်ကိုရီးယားနဲ့ တင်းမာနေမှု စတဲ့ အကျပ်အတည်းနဲ့ ကြုံနေတုန်းမှာ ကျနော့်အနေနဲ့ ရှေ့တန်းမှာရပ်ပြီး ခိုင်မာအားကောင်းတဲ့ ခေါင်းဆောင်မှု ပေးသွားလိုပါတယ်” လို့ ဂျပန်ဝန်ကြီးချုပ်က ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကြောင့် ဒီိမိုကရေစီ အခြေခံဖြစ်တဲ့ ရွေးကောက်ပွဲကို အချိန်ပြောင်းပြီး ကျင်းပသင့်တယ်လို့လည်း သူက ဆိုပါတယ်။ "မြောက်ကိုရီးယားကို တန်ပြန်လုပ်ဆောင်သွားဖို့ ကျေန်ာတို့ ပြည်သူတွေရဲ့ ထောက်ခံ အတည်ပြုမှုရဖို့၊ ရွေးကောက်ပွဲလုပ်ဖို့လိုတယ်လို့ ကျနော်ယုံကြည်ပါတယ်။” မြောက်ကိုရီးယားကို ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ အမြင့်ဆုံး ဖိအားပေးဖို့ကလွဲရင် တခြားနည်းမရှိဘူးလို့လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသွားပါတယ်။
4 years Ago
Up