အရေးယူမည်ဟု ထရမ့်ပြော

April 10, 2018

ဆီးရီးယား ဓာတုလက်နက်တိုက်ခိုက်မှု တာဝန်ရှိသူများကို အရေးယူမည်ဟု ထရမ့်ပြော

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားခဲတဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုမှာ တာဝန်ရှိသူကို  မြန်မြန်ဆန်ဆန် အရေးယူမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ စစ်ဘက်ခေါင်းဆောင်တွေ၊ နိုင်ငံတော်လုံခြုံရေး အကြံပေးတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း သမ္မတထရမ့်က  ခုလို ပြောလိုက်တာပါ။ ဆီးရီးယားအရေးဆွေးနွေးဖို့ ကျနော်တို့ ဒီရောက်လာတာပါ။ ကျနော်တို့က ကမ္ဘာပေါ်မှာ တိုက်ခိုက်နိုင်စွမ်း အရှိဆုံး အင်အားပါ။ ဒီက ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးတွေက မယုံနိုင်လောက်အောင် ပင်ကိုယ်စွမ်းရည် ရှိကြသူတွေပါ။ ဒမတ်စကပ်စ်မြို့နားမှာ ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာလုပ်နိုင်မလဲဆိုတာ ဆုံးဖြတ်ချက်ချမယ်။ အင်နဲ့အားနဲ့ဖြေရှင်းမယ့် ဆုံးဖြတ်ချက်ပါ။ ဘယ်အချိန်လုပ်မလဲဆိုတာကို ကျနော် မပြောဘူးဆိုတာက အချိန်ကိုက်ပြောရတာကို ကျနော်မကြိုက်ဘူး။ ဒီတော့ ဒီညမှာ ဘယ်လိုတုံ့ပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချမလဲဆိုတာ မကြာခင်ကြားရပါမယ်။ ဒါပေမယ့် ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ကျနော်တို့ မြင်တွေ့ရပြီးဖြစ်ပါတယ်။ ဘယ်လောက်ဆိုးရွားလဲ ခင်ဗျားတို့ အတွေ့ပါပဲ။ ကျနော်တို့ ကမ္ဘာမှာ ဒါမျိုးအဖြစ်မခံနိုင်ပါဘူး။ အထူးသဖြင့် ကိုယ်က ဒီလိုဖြစ်တာ လက်မခံနိုင်တဲ့ အဆင့်မှာရှိရင်ပေါ့။ အမေရိကန်နိုင်ငံရဲ့အင်အား၊ ကျနော်တို့ရဲ့ စွမ်းအားနဲ့ ဒါကို ရပ်တန့်အောင်လုပ်နိုင်ပါတယ်လို့ ပြောကြားသွားပါတယ်။
3 years Ago
Up