အရေးယူခံရမည်

April 25, 2019

ချဲလ်ဆီးနည်းပြ ဆာရီ အက်ဖ်အေ၏ အရေးယူခံရမည်

ချဲလ်ဆီးနည်းပြ ဆာရီဟာ ဘန်လေအသင်းနဲ့ နှစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ အထုတ်ခံခဲ့ရတာကြောင့် အက်ဖ်အေရဲ့ အရေးယူမှု ခံရတော့မှာဖြစ်ပါတယ်။ နည်းပြဆာရီဟာ ပွဲပြီးခါနီးမှာ ကွင်းလယ်ဒိုင် ကီဗင်ဖရန့်ကို နည်းပြဧရိယာစည်း ကျော်လွန်ပြီး စောဒကတက်ခဲ့တာကြောင့် ဒိုင်လူကြီးက ကွင်းထဲကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဆာရီဟာ ပွဲချိန်တလျှောက်လုံးမှာ ကွင်းလယ်ဒိုင်ကို စောဒကတက်တာတွေ အမြောက်အမြား ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆာရီအနေနဲ့ သောကြာနေ့ နောက်ဆုံးထားပြီး သူ့ရဲ့အပြုအမူအတွက် အက်ဖ်အေထံ ဖြေရှင်းချက်ပေးရမှာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်လူကြီး ကီဗင်ဖရန့်ကတော့ သူ့ရဲ့ ပွဲပြီးအစီရင်ခံစာမှာ ဆာရီရဲ့ အပြုအမူတွေကို ထည့်သွင်းရေးသားထားတာကြောင့် အက်ဖ်အေက အရေးယူမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ဘန်လေပွဲစဉ်မှာ ဒဏ်ရာကြောင့် ပွဲကစားနိုင်ခြင်း မရှိသေးတဲ့ နောက်ခံလူ ရူဒီဂါနဲ့ ဘန်လေနည်းပြတို့လည်း အချင်းများခဲ့ပြီး အက်ဖ်အေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
2 years Ago
Up