အရေးယူခံရဖွယ် ရှိနေ

December 2, 2017

ချဲလ်ဆီးနည်းပြ ကွန်တီ အက်ဖ်အေ၏ အရေးယူခံရဖွယ် ရှိနေ

ဆွမ်းဆီးကို အနိုင်ရတဲ့ပွဲမှာ စတုတ္ထဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် ချဲလ်ဆီးနည်းပြ ကွန်တီဟာ အက်ဖ်အေရဲ့အရေးယူခံရဖို့ ရှိနေပါတယ်။ အဲဒီပွဲမှာ ချဲလ်ဆီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဆွမ်ဆီးဘက်ကို ပြစ်ဒဏ်ဘောကန်ခွင့်ပေးတာနဲ့ ပတ်သက်ပြီး စတုတ္ထဒိုင်လူကြီး လီမာဆင်ကို အော်ဟစ်ပြီး စောဒကတက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် နေးလ်ဆွာဘရစ်ခ်က ကွင်းဘေးကနေ ထုတ်ပယ်ပြီး ပွဲကြည့်စင်ပေါ်မှာပဲ ကြည့်စေခဲ့ပါတယ်။ ကွန်တီအနေနဲ့ ပွဲအပြီးမှာ သူ့ရဲ့ အမှားအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး တခါတလေမှာ ဘယ်သူမဆို အမှားလုပ်တတ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ကွန်တီအနေနဲ့ သူ့ရဲ့ အပြုအမူအတွက် အက်ဖ်အေထံ ဖြေရှင်းချက်ပေးရမှာဖြစ်ပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် ပေါင်ရှစ်ထောင် ဒဏ်ရိုက်ခံရမှာဖြစ်သလို ပွဲကြီးကြပ်ခွင့်လည်း ပိတ်ပင်ခံရဖို့ရှိနေပါတယ်။
3 years Ago
Up