အမေရိကန်နိုင်ငံရဲ့ သမ္မတသစ်ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်လက်ထက်မှာ သူ ကတိပေးထားသလို နိုင်ငံတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အရေးကိစ္စအပေါ် တကယ်မှ ထိန်းချုပ်နိုင်ပါ့မလားဆိုတာ လက်ရှိကာလမှာ အာရုံစူးစိုက်စရာ အကြောင်းအရာတခု ဖြစ်နေပါတယ်။
အိမ်ဖြူတော်ကနေထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ မက္ကဆီကိုနိုင်ငံမှာ ထုတ်လုပ်နိုင်တဲ့ ဘိန်းဖြူပမာဏဟာ ၂၀၁၄ ခုနှစ်က ၆၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အခုလက်ရှိကာလထိ ၂ နှစ်ပေါင်း ၁၇၀ ရာခိုင်နှုန်း မြင့်တက်နေခဲ့တာပါ။
မက္ကဆီကိုနိုင်ငံမှာ ထုတ်လုပ်တဲ့ ဘိန်းဖြူပမာဏ အားလုံးနီးပါးဟာ အမေရိကန်နိုင်ငံကို ပစ်မှတ်ထားနေကြတာပါ။
ပြီးခဲ့တဲ့ ၇ နှစ်တာကာလအတွင်းမှာ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ပြဿနာတရပ်ဖြစ်လာခဲ့ပြီး သေဆုံးသူ ရာခိုင်နှုန်း ၄၄၀ ထိ ရှိခဲ့တယ်လို့ ဘီဘီစီသတင်းထောက် အီးရန် ပန်နဲလ်က မက္ကဆီကိုနိုင်ငံကို သွားရောက်သတင်းယူပြီး ဖော်ပြခဲ့တာပါ။
မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့တွေမှာတော့ ကိုကင်းဟာ ဘုရင်တပါးပါပဲ။
ဒါပေမယ့် အမေရိကရဲ့ အံ့အားသင့်စရာ မြင့်တက်လာတဲ့ ဝယ်လိုအားနောက်မှာတော့ မက္ကဆီကိုရဲ့ စိုက်ပျိုးထုတ်လုပ်၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ ဆေးစွဲနေတဲ့ အသုံးပြုသူတွေဆီ သွားရာလမ်းကြောင်းဟာ ခိုင်မာလာပါတော့တယ်။
အီးရန် ပန်နဲလ်ဟာ ဘိန်းစိုက်ခင်းတွေနဲ့ ဘိန်းဖြူချက်စခန်းတွေဆီ သွားရောက်ပြီး ရိုက်ကူးခဲ့တာပါ။
နယူးယောက်မြို့ရဲ့ လမ်းမပေါ်မှာ ဘိန်းဖြူဟာ ၁ ကီလိုကို အမေရိကန်ဒေါ်လာ ၅ သောင်းထိ ပေးရပါတယ်။
အီးရန်ပန်နဲလ်ကတော့ ဘိန်းမှောင်ခိုသယ်ပို့သူ တဦးကိုပါ မေးမြန်းခဲ့ပြီး ဆေးစွဲနေသူ တဦးကိုလည်း တွေ့ဆုံမေးမြန်းခဲ့တာကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။
ဝယ်လိုအားမြင့်တက်လာတဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမူးယစ်ဆေးဝါးပြဿနာဟာ ၂ နိုင်ငံ နယ်စပ်တလျှောက် မြို့တွေထဲက ဆေးစွဲသူတွေ၊ သေဆုံးရသူတွေ ပိုတိုးလာစေမှာပဲ ဖြစ်ပါတယ်။
6 years Ago