အမေရိကန်ပြည်ထောင်စု Salt Lake City မြို့ Utah တက္ကသိုလ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကိုကိုးကားပြီး ထုတ်ပြန်တဲ့ ဒေသဆိုင်ရာသတင်းတခုမှာတော့ အမျိုးသားတဦးဟာ Utah တက္ကသိုလ် ARUP ဓာတ်ခွဲခန်းအနီး ကားပါကင်မှာရပ်နေတဲ့ အမျိုးသမီးတဦးထံ လျှောက်သွားခဲ့ပြီး အဲ့ဒီအမျိုးသမီးကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ကြောင်း ရေးသားထားပါတယ်။
ဘာ့ကြောင့်ပစ်ခတ်မှုဖြစ်ခဲ့တယ်ဆိုတာကိုတော့ အာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံသတင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
6 years Ago