အမေရိကန် F-16 တိုက်လေယာဉ်တစီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ

April 6, 2017

အမေရိကန် F-16 တိုက်လေယာဉ်တစီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ

ဧပြီ ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ကလင်တန်မြို့မှာ အမေရိကန် လေတပ်ပိုင် F-16 တိုက်လေယာဉ်တစီး လေ့ကျင့်ပျံသန်းရာကနေ ရုတ်တရက် ပျက်ကျခဲ့ပါတယ်။ ဒါပေမယ့် လေယာဉ်မှူးကတော့ ထိုင်ခုံကနေ အပြင်ဘက်ကို တွန်းထုတ်စနစ်နဲ့ ထွက်လာနိုင်ခဲ့ပြီး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါတယ်။ ကိုလံဘီယာပြည်နယ်၊ အမျိုးသားကာကွယ်စောင့်ရှောက်ရေးတပ်ရဲ့ လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ ပြည်နယ်လေတပ်စခန်း Joint Base Andrews ရဲ့ အနောက်တောင်ဘက် ၆ မိုင်လောက်အကွာမှာ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ပြည်နယ်လေတပ်စခန်းက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ လေယာဉ်ပျက်ကျရခြင်းရဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up