အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနေရာ စီအိုင်အေအကြီးအကဲဖြင့် အစားထိုးရန် စီစဉ်

June 15, 2018

တရုတ်သမ္မတနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကို ဘေကျင်းမြို့က ပြည်သူ့ခန်းမဆောင်ကြီးမှာ ဇွန်လ ၁၄ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပါတယ်။ အမေရိကန်ဟာ တနိုင်ငံရဲ့ မဟာဗျူဟာမြောက် ရည်ရွယ်ချက်တွေကို မှန်မှန်ကန်ကန် ရှုမြင်ဖို့ လိုအပ်ပြီး ဒါဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့်ကနေ ရရှိလာတဲ့ သင်ခန်းစာ ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။ အမေရိကန်အနေနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပွတ်တိုက်မှုတွေ၊ ထိုင်ဝမ်အရေး အပါအဝင် ထိရှလွယ်တဲ့ ကိစ္စရပ်တွေကို နှစ်နိုင်ငံဆက်ဆံရေးမှာ အဟန့်အတားတွေ မပေါ်ပေါက်စေတဲ့ နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ မျှော်လင့်တယ်လို့လည်း ရှီက ပြောပါတယ်။ ပွန်ပီယိုကတော့ ကိုရီးယားကျွန်းဆွယ်အရေး အထောက်အကူဖြစ်စေမယ့် အကြံဉာဏ် ပေးခဲ့တဲ့ သမ္မတရှီကို သမ္မတထရမ့်က ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား အရေးကိစ္စကို နိုင်ငံရေးအရ ဖြေရှင်းရာမှာ အရေးပါတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတယ်လို့ ပွန်ပီယိုက ပြောပါတယ်။ ဒါ့ပြင် ကျွန်းဆွယ်မှာ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ နျူကလီးယား ကင်းစင်ရေးအတွက် တရုတ်နိုင်ငံနဲ့ လက်တွဲသွားဖို့လည်း ဆန္ဒရှိတယ်လို့ ပွန်ပီယိုက ပြောကြားခဲ့ပါတယ်။
3 years Ago

December 1, 2017

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနေရာ စီအိုင်အေအကြီးအကဲဖြင့် အစားထိုးရန် စီစဉ်

အမေရိကန်သမ္မတ အိမ်ဖြူတော်က လာမယ့်သီတင်းပတ်တွေအတွင်း နိုင်ငံခြားရေးဝန်ကြီးနေရာကို စီအိုင်အေ အကြီးအကဲနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ အစိုးရ အကြီးတန်းအရာရှိတဦးက နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောပါတယ်။ လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်ကို ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှူး မိုက်ခ် ပွန်ပီယိုနဲ့ အစားထိုးဖို့ စီစဉ်နေတာပါ။ ပွန်ပီယိုရဲ့ နေရာမှာတော့ ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်အမတ် တွမ်ကော့တွန်ကို အစားထိုးဖို့ လျာထားတယ်လို့ အကြီးတန်းအရာရှိတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ် သတင်းစာက အစီရင်ခံပါတယ်။ ဒီအစီအစဉ်ကို ဒေါ်နယ်ထရမ့် အတည်ပြုပြီးပြီလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သတင်းစာက ရေးပါတယ်။ အိမ်ဖြူတော် ရုံးအဖွဲ့မှူး ဂျွန်ကယ်လီက အပြောင်းအလဲကို စီမံနေပြီး တခြားအရာရှိတွေနဲ့ တိုင်ပင်နေတယ်လို့လည်း နယူးယောက်တိုင်းမ်စ်က အစီရင်ခံပါတယ်။ ဒီနှစ်ကုန်ပိုင်းဝန်းကျင်မှာ ဝန်ထမ်းနေရာ အပြောင်းအရွှေ့တွေ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ တေလာဆန် ရာထူးက နုတ်ထွက်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာ လနဲ့ချီ ကြာနေပါပြီ။ သူ့နေရာကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေ ဆက်ခံမယ်လို့ အစောပိုင်းက သတင်းထွက်ခဲ့တာပါ။ ခုတော့ အောက်လွှတ်တော် အမတ် ၃ ဆက် ဖြစ်ခဲ့ဖူးသူ ပွန်ပီယိုက ပိုပြီး နာမည်ကြီးလာပါတယ်။ သူဟာ နိုင်ငံလုံခြုံရေးကိစ္စတွေမှာ ထရမ့်ရဲ့ ယုံကြည်မှုကို ရထားပါတယ်။
4 years Ago
Up