အမေရိကန် နိုက်ကလပ်တခုတွင် ပစ်ခတ်မှုဖြစ်၊

April 17, 2017

အမေရိကန် နိုက်ကလပ်တခုတွင် ပစ်ခတ်မှုဖြစ်၊ ၉ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ နိုက်ကလပ်တစ်ခုအတွင်းမှာ စကားများရာကနေ ပစ်ခတ်မှုဖြစ်ခဲ့လို့ လူ ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အိုဟိုးယိုးပြည်နယ် နော့သ်ကိုလမ်ဘတ်စ်မြို့ရှိ ဂျေနဲ့အာပါတီဟောလ် နိုက်ကလပ်မှာ ဧပြီလ ၁၆ ရက်နေ့ မနက် ၃ နာရီ ၂၀ မိနစ်လောက်က ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ ရေးထားပါတယ်။ ကလပ်ထဲမှာ စကားများရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ကိုလမ်ဘတ်စ်တိုင်းရဲက ပြောပါတယ်။ “အခြေအနေတွေက အသေးစားကနေ အသက်အန္တရာယ် ခြိမ်းခြောက်မှုအထိ ဖြစ်တယ်။ စုံစမ်းစစ်ဆေးမှုတွေကနေ သံသယရှိသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မရသေးဘူး” လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ရဲက ပြောပါတယ်။ ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၄ ဦးတို့ ဒဏ်ရာရခဲ့ကြပြီး ၁ ဦးက အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံသတင်းတွေက ဖော်ပြပါတယ်။ ရဲသတင်းထုတ်ပြန်ချက်ထဲမှာ ပစ်ခတ်သူ တဦးလား၊ ဒါမှမဟုတ် တဦးထက် ပိုလားဆိုတဲ့ သတင်းအချက်အလက် မရသေးဘူးလို့ ပြောထားပေမယ့် အခင်းဖြစ်မှုနဲ့ပတ်သက်ပြီး လူအတော်များများကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
4 years Ago
Up