အမေရိကန်ပြည်ထောင်စုတ၀န်း လေဆင်နှာမောင်းတိုက်ခတ်မှုနဲ့ ရေကြီးရေလျှံမှုတွေအတွင်း လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
အလဘားမားပြည်နယ်မှာတော့ လေဆင်နှာမောင်း တိုက်ခတ်လို့ ရွှေ့ပြောင်းယာယီအိမ်ပေါ် သစ်ပင်ကျိုးကျခဲ့တဲ့အတွက် လူ ၄ ဦး သေဆုံးသွားပြီး တခြားလူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
ဖလော်ရီဒါပြည်နယ်မှာတော့ ရေကြီးရေလျှံပြီး အသက် ၇၀ အရွယ်အမျိုးသားတဦး သေဆုံးလျှက်တွေ့ရှိတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောဆိုပါတယ်။
ဂျော်ဂျီယာပြည်နယ်မှာတော့ အမျိုသမီး ၁ ဦး မုန်တိုင်းကြောင့် သေဆုံးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုတောင်ပိုင်းမှာ ရာသီဥတု ဆိုးရွားနေပြီး လူဝီစီယားနားပြည်နယ်နဲ့ မစ္စပီပီပြည်နယ်တွေမှာ ဒေသခံထောင်နဲ့ချီပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ပါတယ်။
မစ္စပီပီပြည်နယ်အလယ်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေဟာ လေဆင်နှာမောင်းတွေလို့ အမေရိကန်မိုးလေ၀သဌာနက ထုတ်ပြန်ခဲ့ပြီး နေအိမ်အဆောက်အဦးတွေ ပျက်စီးခဲ့ပါတယ်။
6 years Ago