အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် နတ်စ်ရာတပ်ဦးခေါင်းဆောင် သေဆုံး

June 30, 2016

အမေရိကန် လေကြောင်းတိုက်ခိုက်မှု အိုင်အက်စ် ၂၅၀ ခန့် သေဆုံး (ရုပ်သံ)

အီရတ်နိုင်ငံက ဖော်လျူကျာ တောင်ပိုင်းမှာ ဇွန် ၂၉ ရက်မှာ အမေရိကန်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် ၂၅၀ လောက် သေဆုံးသွားပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ ယာဉ် ၄၀ လောက်ကို ဖျက်ဆီးနိုင်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သလို အသေးစိတ် သတင်းအချက်အလက်ကို စုဆောင်းနေဆဲ ဖြစ်တယ်လို့ အမေရိကန် အရာရှိတဦးကို ကိုးကားပြီး အေဘီစီသတင်းမှာ ဖော်ပြပါတယ်။ ဖော်လျူဂျာမှာ ရာမာဒီနဲ့ ယှဉ်လိုက်ရင် တိုက်ပွဲတွေ ဖြစ်ပွားတာ လျော့သွားပြီး မကြာမီ ဖော်လျူဂျာကို အပြီးသတ် သိမ်းပိုက်ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖော်လျူဂျာတောင်ပိုင်းမှာလည်း သိမ်းပိုက်ထားတဲ့ တပ်တွေ အထောက်အပံ့ဖြစ်စေဖို့ အတွက် နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ မေ ၂၁ ရက်ကစပြီး ဖော်လျူဂျာ အနီးတ၀ိုက်မှာ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
6 years Ago

April 5, 2016

အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် နတ်စ်ရာတပ်ဦးခေါင်းဆောင် သေဆုံး

ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်းဒါး ဂိုဏ်းကွဲ နတ်စ်ရာတပ်ဦးရဲ့ ထင်ရှား သြဇာကြီးတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ အဘူ ဖီရတ်စ် သေဆုံးခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ဧပြီ ၄ ရက်နေ့မှာ ပြောပါတယ်။ အစ္စလာမ္မစ် သူပုန်သတင်းရင်းမြစ်တွေက အဘူ ဖီရတ်စ်ဟာ အစ္စလာမ္မစ်တွေဘက်ကို ယိမ်းလို့ ၁၉၇၀ ပြည့်လွန်နှစ်တွေက အထုတ်ခံရတဲ့ ဆီးရီးယားစစ်တပ် အရာရှိဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ စစ်သွေးကြွအုပ်စုကို တည်ထောင်သူ အဖွဲ့ဝင်လည်းဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အာဖဂန်နစ္စတန်မှာ တိုက်ခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။ သူဟာ နတ်စ်ရာတပ်ဦး မူဝါဒချမှတ်ရေးကောင်စီရဲ့ အကြီးတန်းအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဧပြီ ၃ ရက်နေ့က ဆီးရီးယား အနောက်မြောက်ပိုင်းမှာ အယ်လ်ကိုင်းဒါး အဆင့်မြင့် အရာရှိတွေရဲ့ အစည်းအဝေးကို အဘူဖီရပ်စ် တက်ရောက်နေတုန်း အမေရိကန် လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရက ပြောပါတယ်။ အမေရိကန်ဟာ အရင်က နတ်စ်ရာတပ်ဦးကို ပစ်မှတ်ထားခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်စစ်တပ် အများစုက အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေဟာ အီရတ်နဲ့ ဆီးရီးယား အစိတ်အပိုင်းတွေကို သိမ်းပိုက်ထားပါတယ်။
6 years Ago
Up