အမေရိကန် လေဆိပ်ပစ်ခတ်မှု ၅ ဦး သေဆုံး (ရုပ်သံ)

January 7, 2017

အမေရိကန် လေဆိပ်ပစ်ခတ်မှု ၅ ဦး သေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဖို့ဒ်လောင်ဒါဒေးလ် ဟောလိဝုဒ် နိုင်ငံတကာ လေဆိပ်မှာ ဇန်န၀ါရီ ၆ ရက်နေ့ ပစ်ခတ်မှုကြောင့် လူ ၉ ယောက် သေနတ်ကျည်ဆန် ထိမှန်ခဲ့ပြီး ၅ ဦး သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ တယောက်ကို ဖမ်းဆီးထားပြီလို့ အမည်မဖော်တဲ့ ဥပဒေ အာဏာတည်စေရေး သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။ ခရီးသည် ရပ်နားဆောင် အမှတ် ၂ က ခရီးဆောင် သေတ္တာ ထုတ်ယူတဲ့ နေရာမှာ ဖြစ်ခဲ့တာလို့ လေဆိပ်က သူ့ရဲ့ တရားဝင် တွစ်တာ လူမှုကွန်ရက် အကောင့်ကနေ ပြောပါတယ်။ ရုပ်သံဗွီဒီယိုထဲမှာတော့ လေဆိပ်ထဲ ဝရုန်းသုန်းကား ဖြစ်နေချိန်မှာ ခရီးသည်တွေက အကာအကွယ်ယူဖို့ အလဲလဲ အပြိုပြို ဖြစ်နေပုံနဲ့ လေဆိပ်မှာ ရဲကားတွေ အတော်များများ ရပ်ထားတာကိုလည်း တွေ့ရပါတယ်။ ရာနဲ့ချီတဲ့ ခရီးသည်တွေဟာ နောက်ဆုံးမှာ ပြန်စုစည်းနိုင်ခဲ့ပြီး လေဆိပ် အဆောင်တွေဆီ ထွက်သွားပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ နောက်ထပ် သတင်းအချက်အလက်နဲ့ စုံစမ်းစစ်ဆေးမှုတွေ အကြောင်း မသိရသေးပါဘူး။
5 years Ago
Up