အမေရိကန် ကျောင်းသား

June 23, 2018

အမေရိကန် ကျောင်းသားများ၏ သုတေသန ဒုံးပျံ လွှတ်တင် (ရုပ်သံ)

အမေရိကန်ကျောင်းသားတွေရဲ့ လက်တွေ့စမ်းသပ်ပစ္စည်းတွေ တင်ထားတဲ့ တာရီယာအော်ရီယွန် သုတေသန ဒုံးပျံကို ဇွန် ၂၁ ရက်မှာ လွှတ်တင်လိုက်တယ်လို့ အမေရိကန်အမျိုးသားလေကြောင်းနဲ့ အာဏာသအုပ်ချုပ်ရေးအဖွဲ့(နာဆာ)က ပြောပါတယ်။ ဒုံးပျံကို ဗာဂျီးနီးယား ပြည်နယ်၊ ဝေါလော့ အာကာသယာဉ် လွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့တာပါ။ အဲဒီဒုံးပျံဟာ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းသား ၂၀၀ ရဲ့ လက်တွေ့စမ်းသပ်ပစ္စည်း စုစုပေါင်း အလေးချိန် ပေါင် ၇၀၀ နီးပါးကို တင်ဆောင်သွားတယ်လို့ နာဆာက ပြောပါတယ်။ ဒုံးပျံဟာ အရှိန်၊ စိုထိုင်းနှုန်း၊ ဖိအား၊ အပူချိန်နဲ့ ရောင်ခြည်ပျံ့နှံ့မှုစတဲ့ စမ်းသပ်မှုပေါင်း ၂၈ ခုကို လုပ်ဆောင်မှာဖြစ်ပါတယ်။ စမ်းသပ်ပစ္စည်းတွေဟာ လေထီးတွေနဲ့ အတ္တလန္တိတ် သမုဒ္ဒထဲ ပြန်ကျမှာဖြစ်ပြီး လှေတွေနဲ့ ပြန်ဆယ်မယ်လို့လည်း နာဆာကပြောပါတယ်။
3 years Ago
Up