အမေရိကန် အကြီးဆုံးဗုံးဖြင့်

April 15, 2017

အမေရိကန် အကြီးဆုံးဗုံးဖြင့် တိုက်ခိုက်မှု အိုင်အက်စ် ၃၆ ဦး သေဆုံး (ရုပ်သံ)

“ဗုံးတို့အားလုံးရဲ့မိခင် (mother of all bombs)” လို့ခေါ်တဲ့ အမ်အိုအေဘီဗုံးသုံးပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုက အိုင်အက်စ်စစ်သွေးကြွ ၃၆ ဦး သေဆုံးပြီး သူတို့ရဲ့ စစ်အခြေစိုက်စခန်းကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ အာဖကန် ကာကွယ်ရေးဝန်ကြီးက ပြောကြောင်း ဘီဘီစီရဲ့ ဧပြီလ ၁၄ ရက်နေ့သတင်းမှာ ရေးထားပါတယ်။ နာဂါဟာ ခရိုင်မှာရှိတဲ့ အိုင်အက်စ်ဥမင်လိုဏ်ခေါင်းနေရာကို စစ်ပွဲတွေမှာ သုံးလေ့ရှိတဲ့ နျူးကလီးယား လက်နက်မဟုတ်တဲ့ အကြီးဆုံးဗုံးကို အမေရိကန်တပ်က ပစ်ချခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ အရင် အာဖကန်သမ္မတဟောင်း ဟာမစ်ဒ်ကာဇိုင်က ဒီတိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချပစ်တင်လိုက်ပြီး “လူမဆန်တဲ့ ကျနော်တို့ရဲ့တိုင်းပြည်ကို ရက်စက်အကြမ်းကြုတ်ဆုံး အလွဲသုံးစားလုပ်မှုကြီး” လို့ ပြောလိုက်ပါတယ်။
4 years Ago
Up