အမေရိကန် အနောက်အလယ်ပိုင်းတွင် ရာသီဥတု ဆိုးရွားပြီး လမ်းများပေါ် နှင်းဖုံး

February 4, 2016

အမေရိကန် အနောက်အလယ်ပိုင်းတွင် ရာသီဥတု ဆိုးရွားပြီး လမ်းများပေါ် နှင်းဖုံး (ရုပ်သံ)

အမေရိကန် အနောက်အလယ်ပိုင်းကို ဆိုးရွားပြင်းထန်တဲ့ ရာသီဥတု ရိုက်ခတ်နေလို့ မီချီဂန်ပြည်နယ် အိုင်းယန်းဝုဒ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က လမ်းတွေပေါ် နှင်းဖုံးနေပါတယ်။ နှင်းမုန်တိုင်းက မြို့ဆီ မရောက်သေးဘူးလို့ ဒေသခံ မီဒီယာတွေက ကြေညာပေမယ့် နှင်းလျှောစီး အပန်းဖြေစခန်းတွေအတွက် လူသိများတဲ့ ဒေသတွင်း နှင်းတွေမြင်ရလို့ ဒေသခံတွေ ပျော်ရွှင်နေကြပါတယ်။ နှင်းမုန်တိုင်းအဆင့်ကို မင်နီဆိုးတားပြည်နယ် အနောက်တောင်ပိုင်းက ဂျက်ဆင်မြို့နယ်မှာ အစီရင်ခံထားပါတယ်။ လေပြင်းကြောင့် တမြို့နယ်လုံး နှင်းဖုံးနေပါတယ်။ နှင်းနဲ့ လေပြင်းကြောင့် မြင်နိုင်စွမ်း ဆိုးဆိုးရွားရွား ကျဆင်းနေလို့ ရာနဲ့ချီတဲ့ ကားတိုက်မှုတွေ ပြည်နယ်တလွှားမှာ ဖြစ်ခဲ့တယ်လို့ ပြည်နယ်ကင်းလှည့်အဖွဲ့က အစီရင်ခံထားတယ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ နှင်းမုန်တိုင်းလို အခြေအနေတွေက မင်နီဆိုးတားပြည်နယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့ညမှာ  ပျံ့နှံ့မယ်လို့ ခန့်မှန်းထားပါတယ်။
7 years Ago
Up