အမေရိကန် အလိုရှိနေသည့် မူးယစ်ကုန်ကူးသူကို ဟွန်ဒူးရပ်စ်နိုင်ငံတွင် ဖမ်းဆီး

June 14, 2015

အမေရိကန် ဒဲလက်စ်ရဲဌာနချုပ် ဗုံးခွဲရန်ကြိုးစားသူကို အသေပစ်ခတ်ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ထဲက ဒဲလက်စ်မြို့ ရဲဌာနချုပ်ကို ဗုံးခွဲဖို့ ကြိုးစားတဲ့ လူတယောက်ကို အသေဖမ်းဆီးနိုင်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ သေနတ်သမားဟာ ရဲတွေကို အော်တိုမက်တစ် စက်သေနတ်နဲ့ပစ်ခတ်တဲ့အချိန်မှာ ရဲ လက်ဖြောင့် သေနတ်သမား လက်ချက်နဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဒဲလက်စ်မြို့ ရဲမင်းကြီး ဒေးဗစ်ဘရောင်းက “သံသယဖြစ်ဖွယ် ကားတစင်း ရဲဌာနချုပ်ရှေ့မှာ ရပ်ထားတာကို  ရဲကားက  မသင်္ကာလို့ သွားစစ်ဖို့ အသွားမှာ ကားထဲက လူက စတင် ပစ်ခတ်ခဲ့တာ” လို့ သတင်းထောက်တွေကို ပြောပါတယ်။ ရဲတွေက ပြန်ပစ်တဲ့အချိန်မှာတော့ ကားမောင်း ထွက်ပြေးသွားခဲ့ပြီး ဒဲလက်မြို့ တောင်ပိုင်း ၁၀ မိုင်အကွာက ဟတ်ချင်း ဆိုတဲ့ မြို့ငယ်လေးအရောက်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း ရဲအရာရှိတွေ ဒဏ်ရာရတာ မရှိသလို၊ အရပ်သားတွေလည်း ထိခိုက်တာ မရှိပါဘူး။ ရဲဌာနချုပ်အနီးမှာ သေနတ်သမား ပစ်ထားခဲ့တဲ့ အထုပ်လေးထုပ်ထဲက အနည်းဆုံး တထုပ်မှာ  ဖောက်ခွဲရေး ပစ္စည်းတွေ ပါဝင်ပြီး စက်ရုပ်ကို သုံးပြီး ရှင်းလင်းခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ သေဆုံးသွားသူဟာ ဘယ်သူ ဘယ်ဝါဖြစ်သလဲ၊ ဘာကြောင့် ရဲဌာနချုပ်ကို တိုက်ခိုက်ဖို့ ကြိုးစားသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
6 years Ago

June 7, 2015

ဟွန်ဒူးရပ်စ်သမ္မတ နုတ်ထွက်ပေးရန် ပြည်သူ ၈၀၀၀ ခန့် ဆန္ဒပြ

ဟွန်ဒူးရပ်စ်နိုင်ငံမှာ  အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့ သမ္မတနုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ဇွန် ၅ ရက်နေ့က မြို့တော် Tegucigalpa မှာ ဖြစ်ပွားပါတယ်။ ဆန္ဒပြသူ ၈ ထောင်လောက်ဟာ မီးတုတ်ကိုင်ပြီး မြို့လယ်မှာရှိတဲ့ ကုလသမဂ္ဂရုံးတွေကိုဖြတ်ပြီး  ချီတက်ဆန္ဒပြခဲ့ကြတာပါ။ သမ္မတရဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အလွဲသုံးစားမှုကို ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။ ပြီးခဲ့တဲ့လက  ဂွါတီမာလာအစိုးရရဲ့ အဂတိလိုက်စားမှုတွေကို ကုလသမဂ္ဂစုံစမ်းရေးကော်မတီနဲ့ စုံစမ်းဖော်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်တဲ့ အစိုးရထိပ်တန်းခေါင်းဆောင်တွေ ဖမ်းဆီးခံခဲ့ရတာပါ။ ပတ်သက်တဲ့ အစိုးရ၀န်ကြီးတွေလည်း နုတ်ထွက်ခဲ့ကြရပါတယ်။ ဆန္ဒပြသူတဦးက “အမေရိကန်ဒေါ်လာသန်း ၂၀၀ အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်သူတွေကို အဖမ်းဆီးမရှိ လွှတ်ထားတာ၊ နိုင်ငံမှာ ရာဇ၀တ်မှုထူပြောနေတာ၊ လုံခြုံမှုကင်းမဲ့နေတာတွေကို ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။ နိုင်ငံဟာ လဲပြိုပျက်စီးနေတဲ့အတွက် အစိုးရကို ဖြုတ်ချရမှာပါ” လို့ ဆန္ဒပြသူတဦးက ပြောဆိုခဲ့တာပါ။ protest-story_647_060615111106လက်ရှိသမ္မတ ဟာနန်ဒက်စ်ဟာ  ပြီးခဲ့တဲ့နှစ်ကမှ တက်လာတာဖြစ်ပြီး ဇွန် ၃ ရက်နေ့ကတော့ ဒီအဂတိလိုက်စားမှုကို  ၀န်ခံပါတယ်။ သူကိုယ်တိုင် ပါဝင်ပတ်သက်မှုမရှိသလို အသေးစိတ်ကို သူမသိရှိဘူးလို့ ငြင်းဆိုပါတယ်။ ပါဝင်ပတ်သက်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးပါမယ်လို့လည်း ကတိပြုပြောဆိုပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံမှာ လူဦးရေ ၈.၅ သန်းရှိပြီး အမေရိကဇုန်နိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာမှာ လူသတ်မှုအများဆုံး ဖြစ်ပွားတဲ့ နိုင်ငံအဖြစ်လည်း နှစ်ပေါင်းများစွာ ရပ်တည်နေတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
6 years Ago
Up