အမေရိကန် အရှည်လျားဆုံး ရေကာတာ ကျိုးပေါက်မည့်အန္တရာယ်ရှိနေ

February 13, 2017

အမေရိကန် အရှည်လျားဆုံး ရေကာတာ ကျိုးပေါက်မည့်အန္တရာယ်ရှိနေ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ အရှည်လျားဆုံး ရေကာတာတခုဖြစ်တဲ့ အော်ရိုဗီးလ် ရေကာတာဟာ မိုးသည်းထန်မှုကြောင့် ကျိုးပေါက်တော့မယ့် အန္တရာယ် ရှိနေတဲ့အတွက် ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြဖို့  တိုက်တွန်းနှိုးဆော်ထားပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီရေကာတာဟာ အချိန်မရွေး ကျိုးပေါက်သွားနိုင်တယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့ ရေလွှမ်းမိုးမှု ခံရနိုင်ချေရှိတဲ့ ဧရိယာတဝိုက်မှ ဒေသခံဦးရေ အနည်းဆုံး ၁ သိန်း ၃ သောင်းကို အမြန်ဆုံးထွက်ခွာကြဖို့ နှိုးဆော်ထားတာပါ။ ရေကာတာတွင်းက ရေမျက်နှာပြင်ဟာ မြင့်တက်လာနေပြီး ဒါဟာ နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း  ပထမဆုံး အတွေ့အကြုံဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့တည်းက အင်ဂျင်နီယာတွေဟာ ရေကာတာတွင်းက ရေတွေကို ဖောက်ထုတ်ပစ်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ ကယ်လီဖိုးနီးယားမြို့တော်ဝန် ဂျက်ဖရီ ဘရောင်းက ရေလွှမ်းမိုးမှု ခံရနိုင်ခြေ၊ သဘာဝဘေးဒဏ်သင့်နိုင်ခြေရှိတဲ့ ဒေသအဖြစ် ကြေညာခဲ့ပါတယ်။
4 years Ago
Up