အမေရိကန် အထူးတပ်ဖွဲ့ဝင်တဦး

May 29, 2017

အမေရိကန် အထူးတပ်ဖွဲ့ဝင်တဦး လေထီးချွတ်ယွင်းမှုကြောင့် သေဆုံး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု နယူးယောက်ဆိပ်ကမ်းမှာ ပြုလုပ်တဲ့ လေကြောင်းသရုပ်ပြပွဲတခုမှာ မေ ၂၈ ရက်နေ့က ရဟတ်ယာဉ်တစီးပေါ်ကနေ ခုန်ချသရုပ်ပြခဲ့တဲ့ ရေတပ်အထူးတပ်ဖွဲ့ဝင်တဦး လေထီးချွတ်ယွင်းမှုကြောင့် သေဆုံးသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရေတပ်ဗိုလ်ချုပ် ဂျက်စကော်ဘီက “သူ့ရဲ့ လေထီး နည်းမှန်၊ လမ်းမှန်မပွင့်ဘဲ လစ်ဘာတီစတိတ်ပန်းခြံနဲ့ ကပ်နေတဲ့ ရေထဲကို ကျသွားခဲ့တာပါ။ သူ့ကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ နယူးဂျာစီမြို့တော် မီးသတ်တပ်ဖွဲ့က ချက်ချင်း ဆယ်ယူခဲ့ပါတယ်” လို့ ရှင်းပြသွားပါတယ်။ “ကျနော်တို့ရဲ့ နှလုံးသားနဲ့ ဆုတောင်းမေတ္တာတွေကို မိသားစုထံ ပေးပို့ပါတယ်။ ဒီကနေ့ ဆုံးရှုံးသွားတဲ့ အထူးရေတပ်ရဲ့ စစ်မှန်တဲ့ တိုင်းပြည်ချစ်သူတဦးအတွက် ဆုတောင်းပေးဖို့ ကျနော် တောင်းဆိုပါတယ်။ ဒီဖြစ်ရပ်ဆိုး ဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။ သူ့ရဲ့ မိသားစုတွေကိုလည်း အကြောင်းကြားထားပါတယ်” လို့ ရေတပ်ဗိုလ်ချုပ် ဂျက်စကော်ဘီက  ဆက်လက်ပြောကြားသွားပါတယ်။
4 years Ago
Up