အမေရိကန် အတ္တလန်တာ

April 14, 2017

အမေရိကန် အတ္တလန်တာ ရထားပေါ်တွင် ပစ်ခတ်မှုဖြစ် (ရုပ်သံ)

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ ဧပြီ ၁၃ ရက်နေ့က အတ္တလန်တာရထားပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်မှုဟာ ဝက်စ်လိတ် (West Lake) ဘူတာရုံမှာ ဒေသစံတော်ချိန် ၄ နာရီခွဲက ဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းမိထားတယ်လို့ ပို့ဆောင်ရေးအာဏာပိုင်တွေက ပြောပါတယ်။ ပစ်ခတ်မှုအတွက် တရားခံကို စစ်ဆေးနေပြီး ဝက်စ်လိတ် ဘူတာရုံကို ခေတ္တပိတ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up