အမေရိကန် လမ်းဘေးဆိုင်းဘုတ်များ ဆိုက်ဘာဖောက်ထွင်းခံရ

June 1, 2016

အမေရိကန် လမ်းဘေးဆိုင်းဘုတ်များ ဆိုင်ဘာဖောက်ထွင်းခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့က အဝေးပြေးလမ်းမတွေရဲ့ လမ်းဘေး သတိပေး ဆိုင်းဘုတ်တွေ ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဆိုင်ဘာ ဖောက်ထွင်းပြီး စာသားတွေ ပြင်ဆင်တာ ခံခဲ့ရပါတယ်။ လမ်းပိတ်ကြောင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် သတင်းအချက်အလက် စာသားတွေ နေရာမှာ သမ္မတလောင်း ကိုယ်စားလှယ် ဘာနေစန်ဒါကို ထောက်ခံပြီး သမ္မတလောင်း ကိုယ်စားလှယ် ဒေါ်နယ် ထရမ့်ပ်ကို ဆန့်ကျင်ကြောင်း စာသားတွေ ပြသခဲ့တာပါ။ ဆိုင်းဘုတ်တခုမှာ ထရမ့်ပ်ကို အရောင်ပြောင်းပုတ်သင်လို့ ခေါ်ထားခဲ့ပြီး ဘာနေစန်ဒါစ်ကို သမ္မတအဖြစ် လိုလားကြောင်း ဖော်ပြထားပါတယ်။ လမ်းပိတ်မှုနဲ့ ယာဉ်ကြော နှောင့်နှေးမှု ဆိုင်ရာ သတိပေးဆိုင်းဘုတ်တွေ အခုတော့ ပုံမှန် ပြန်ဖြစ်သွားပါပြီ။ တက္ကဆက် သယ်ယူပို့ဆောင်ရေးဌာနက ရိုင်ယန် လာဖွန်တိန်းကတော့ လမ်းညွှန် ဆိုင်းဘုတ်တွေကို ခုလို လုပ်တာဟာ အလေးအနက်ထားစရာ ပြစ်မှု ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ ထောင်ကျနိုင်တဲ့ အပြစ်ပေးနိုင်တဲ့ တတိယအဆင့် ကြီးလေးတဲ့ပြစ်မှုလို့လည်း ပြောပါတယ်။ ခုလို ဆိုင်းဘုတ်တွေကို ဆိုင်ဘာ ဖောက်ထွင်း နှောင့်ယှက်တာဟာ ယာဉ်မောင်းတွေကိုသာ လမ်းကြောင်းလွှဲစေနိုင်တာ မဟုတ်ဘဲ လိုအပ်နေတဲ့ လမ်းဘေးကင်းရေး သတင်းအချက်အလက်တွေကိုပါ လမ်းလွဲစေတယ်လို့ ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တက္ကဆက် သယ်ယူပို့ဆောင်ရေး အရာရှိတွေက ဘေးကင်းရေး လုပ်ဆောင်ချက်တွေကို ပြန်လှန်သုံးသပ်မှာ ဖြစ်ပါတယ်။
6 years Ago
Up