အမေရိကန် ရီပတ်ပလီကန်သမ္မတလောင်းနှင့် ပုပ်ရဟန်းမင်းကြီး အပြန်လှန် စကားစစ်ထိုး

A d v e r t i s e m e n t With Us

February 20, 2016

အမေရိကန် ရီပတ်ပလီကန်သမ္မတလောင်းနှင့် ပုပ်ရဟန်းမင်းကြီး အပြန်လှန် စကားစစ်ထိုး

အမေရိကန်ပြည်ထောင်စု၊ ရီပတ်ပလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ်းကို ပုပ်ရဟန်းမင်းကြီးက ခရစ်ယာန် ဘာသာဝင် မဟုတ်ဘူးလို့ ပြောဆိုခဲ့မှုကို ဒေါ်နယ်ထရမ်းက ပြန်ပြီး ပုပ်ရဟန်းမင်းကြီးကို ကောင်းချီးသြဘာပေးလိုက်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံကြားမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ မ၀င်နိုင်အောင် အုတ်တံတိုင်းခတ်မယ်လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့စည်းရုံးမဲဆွယ်ပွဲတွေအတွင်း ပြောဆိုမှုအပေါ် ပုပ်ရဟန်းမင်းက သူ့ကို မေးခွန်းထုတ်ခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးကတော့ သူ့ရဲ့ ဗာတီကန်နန်းတော် အိုင်အက်စ်က ဗုံးကြဲမှပဲ သူ့ကို အမေရိကန်သမ္မတဖြစ်စေချင်မယ်လို့ ဒေါ်နယ်ထရမ်းက တုံ့ပြန်ပြောဆိုခဲ့တာပါ။ နောက်ပိုင်းပြန်လျော့ချခဲ့ပြီး ပုပ်ရဟန်းမင်းနဲ့ ရန်ဖြစ်တာလည်း မဟုတ်သလို ရန်လည်းမဖြစ်ချင်ပါဘူးလို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မကြာခင် တောင်ကယ်ရိုလိုင်းနားပြည်နယ်အတွက် အမေရိကန်သမ္မတလာင်း ပမာဏရွေးချယ်ပွဲအတွက် ကိုလံဘီယာမြို့မှာ ရောက်ရှိနေပြီး ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန် ပုပ်ရဟန်းမင်းရဲ့ စွပ်စွဲပြောဆိုမှုကို တုံ့ပြန်ပြောဆိုခဲ့တာပါ။ တောင်ကယ်ရိုလိုင်းနားပြည်နယ် လူထုစစ်တမ်းတွေအရေတော့ ဒေါ်နယ်ထရမ်းဟာ ရီပတ်ပလီကန်ပါတီရဲ့ ပမာဏသမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ရှေ့ကဦးဆောင်နေပါတယ်လို့ သတင်းတွေကဆိုပါတယ်။
5 years Ago
Up