အမေရိကန် နည်းပညာတက္ကသိုလ်ကျောင်းသားက ရဲအရာရှိကို သေနတ်ဖြင့် ပစ်သတ်

October 10, 2017

အမေရိကန် နည်းပညာတက္ကသိုလ်ကျောင်းသားက ရဲအရာရှိကို သေနတ်ဖြင့် ပစ်သတ်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် လဘ်ဘာ့ခ် (Lubbock) မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ် ကျောင်းသားတဦးက အောက်တိုဘာ ၉ ရက်နေ့မှာ ရဲအရာရှိ တဦးကို သေနတ်နဲ့ အသေပစ်သတ်ခဲ့ပါတယ်။ ပစ်ခဲ့တဲ့ တရားခံကျောင်းသားကို ဖမ်းမမိခင်အချိန်ထိ ကျောင်းပရိဝုဏ်ကို ပိတ်ဆို့ထားခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ အဲဒီဖြစ်ရပ်မတိုင်ခင်မှာ ပစ်သတ်ခံရတဲ့ ရဲအရာရှိက ကျောင်းသားဆီမှာ မူးယစ်ဆေးတွေ ရှာဖွေတွေ့ရှိခဲ့တာကြောင့် ကျောင်းရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ကျောင်းပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီနောက် ကျောင်းသားက ရဲအရာရှိရဲ့ခေါင်းကို သေနတ်နဲ့ပစ်ခဲ့ပြီး ခြေလျှင် ပြန်ထွက်သွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာ ကျောင်းသားကို ရှာဖွေဖမ်းဆီးဖို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ လဘ်ဘာ့ခ် (Lubbock) ရဲစခန်းရဲ့ တွစ်တာမှာ ရေးသာဖော်ပြထားတာကလွဲလို့ တခြားဘာသတင်းမှ မသိရသေးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up