အမေရိကန် ဒုတိယကမ္ဘာစစ်က ဗုံးကြဲလေယာဉ် ပျက်ကျ (ရုပ်သံ)

May 29, 2016

အမေရိကန် ဒုတိယကမ္ဘာစစ်က ဗုံးကြဲလေယာဉ် ပျက်ကျ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်နဲ့ နယူးဂျာစီပြည်နယ်အကြားက ဟတ်ဆန်မြစ်ထဲကို ဒုတိယကမ္ဘာစစ် ဗုံးကြဲလေယာဉ်တစီး မေ ၂၇ ရက်နေ့က ပျက်ကျသွားပါတယ်။ လေယာဉ်မောင်းနှင်သူ တဦးသာလိုက်ပါနိုင်တဲ့ P-47 thunderbolt ဗုံးကြဲလေယာဉ်ဖြစ်ပြီး ဂျော့ဝါရှင်တန်တံတားရဲ့တောင်ဘက် ၂ မိုင်အကွာမှာ မြစ်ထဲ ပျက်ကျသွားတာပါ။ ရှာဖွေကယ်ဆယ်ရေးတွေက ၃ နာရီကြာရှာဖွေခဲ့ကြအပြီး လေယာဉ်ပျက်ထဲက လေယာဉ်မှူးရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ လေယာဉ်မှူးဟာ အသက် ၅၆ နှစ်အရွယ်  ဖလော်ရီဒါပြည်နယ်ကဖြစ်ပြီး အမေရိကန်လေတပ်သမိုင်းပြတိုက် ၇၅ နှစ်ပြည့်အခမ်းအနားအတွက် တခြား လေယာဉ် ၂ စီးနဲ့ ကြော်ငြာဗွီဒီယို ရိုက်ကူးရင်း လေယာဉ် ပျက်ကျသွားတာပါ။ ပျက်ကျရတဲ့အကြောင်းရင်း အတိအကျ မသိရသေးပေမယ့် စက်ချွတ်ယွင်းလို့ ပျက်ကျသွားတာဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။
6 years Ago
Up