အမေရိကန်ပြည်ထောင်စု အိုမာဟာက ဟန်နရီဒေါ်လီ တိရစ္ဆာန်ဥယျာဉ်မှာ ဂေါ်ရီလာ ၂ ကောင် ရန်ဖြစ်ခဲ့ပါတယ်။
မှန်နဲ့ အလုံပိတ်ထားတဲ့ လှောင်အိမ်အတွင်းမှာ ဂေါ်ရီလာ ၂ ကောင် တကောင်နဲ့တကောင် ထိုးကြိတ်နေတာကို ဥယျာဉ်ကို လာရောက်လည်ပတ်တဲ့သူတွေ မြင်တွေ့ခဲ့ပါတယ်။
ကြည့်ရှုသူတွေက ရန်ဖြစ်နေတာကို ကြားဝင်ဖျန်ဖြေပေးဖို့ တိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူတွေကို တောင်းဆိုခဲ့သလို ဒီဖြစ်ရပ်ကိုလည်း ရုပ်သံဖိုင်မှတ်တမ်း ရယူထားပါတယ်။
တကယ်တော့ ဒီလိုရန်ဖြစ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
7 years Ago