အမေရိကန် တင်းနစ်အကျော်အမော် စရီနာဝီလျံစ်က စေ့စပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
ကမ္ဘာ့နံပါတ် ၂ ဖြစ်တဲ့ ဝီလျံစ်ဟာ ဆိုရှယ်မီဒီယာကုမ္ပဏီ ရက်ဒစ်ကို ပူးတွဲထူထောင်သူ အဲလစ်ဆက် အိုဟေနီရန်နဲ့ စေ့စပ်ပွဲဆင်နွှဲမှာ ဖြစ်ပါတယ်။
ဝီလျံစ်ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ သူနဲ့ စေ့စပ်မယ့်သူကို လက်ခံလိုက်ကြောင်း ရေးသားထားပါတယ်။
ဒါနဲ့ပတ်သက်လို့ နယူးယောက်မှာ မွေးဖွားတဲ့ အဲလစ်ဆက် အိုဟေနီရန်ဘက်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အတည်ပြုထားပါတယ်။
စရီနာဝီလျံစ်ဟာ တင်းနစ်ပြိုင်ပွဲတွေကနေ ဂရန်းစလန်း ဆုဖလားပေါင်း ၂၂ ခု ရထားပြီး အရင်တုန်းက ဂျာမန်တင်းနစ်မယ် စတတ်ဖီဂရပ် တင်ထားတဲ့ စံချိန်ကို အမီလိုက်ထားပါတယ်။
6 years Ago