အမေရိကန် ဆီယက်တယ်မြို့တွင် အကြီးစားပေါက်ကွဲမှုဖြစ်၊ ၉ ဦး ဒဏ်ရာရ

A d v e r t i s e m e n t With Us

March 10, 2016

အမေရိကန် ဆီယက်တယ်မြို့တွင် အကြီးစားပေါက်ကွဲမှုဖြစ်၊ ၉ ဦး ဒဏ်ရာရ (ရုပ်သံ)

အမေရိကန်နိုင်ငံ ဆီယတ်တယ်မြို့လယ်ရဲ့ မြောက်ဘက်နားမှာ အကြီးစား ပေါက်ကွဲမှုတရပ် မတ်လ ၉ ရက် အစောပိုင်းက ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် မီးသတ်သမား ၉ ဦး ဒဏ်ရာရပြီး အဆောက်အဦ အများအပြား ပျက်စီးတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံကို ခေါ်သွားခဲ့ပြီးပြီလို့ မီးသတ်ဌာန ပြောခွင့်ရက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်တို့ ပြားပြားဝပ် ပျက်စီးပြီး ကော်ဖီဆိုင်တဆိုင်လည်း အကြီးအကျယ် ပျက်စီးပါတယ်။ လမ်းတလျှောက်က စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ မီးသတ် စုံစမ်းစစ်ဆေးရေးသမားတွေက အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ကြိုးစားနေဆဲလို့လည်း သူက ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကို ဒါဇင်နဲ့ချီတဲ့ မီးသတ်သမားတွေ အမိန့်ပေးဝန်ထမ်းနဲ့ ဆေးဘက်လုပ်သားတွေ ရောက်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
5 years Ago
Up