အမေရိကန် စစ်သား

June 7, 2018

ကီလောင်အဲမီးတောင် အနီးရှိ ဒေသခံများကို အမေရိကန် စစ်သားများ ဘေးကင်းရာပြောင်းရွှေ့

အမေရိကန်စစ်သားတွေဟာ ဟာဝိုင်အီကျွန်း၊ ကီလောင်အဲမီးတောင်အောက်ခြေ အက်ကွဲကြောင်းက စီးနေတဲ့ ကျောက်ရည်ပူအန္တရာယ်ကနေ ဝေးအောင် ဒေသခံတွေကို ဘေးကင်းရာ ပြောင်းရွှေ့ပေးနေပါတယ်။ မီးတောင်နားက ကျောက်ရည်ပူတွေဝိုင်းနေတဲ့ နေရာတွေက လူ ၃ ဦးကို လေကြောင်းကနေ ကယ်ဆယ်ခဲ့တယ်လို့ အမေရိကန်အမျိုးသား စောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။ ချော်ရည်စီးဆင်းတဲ့ လမ်းတစ်လျှောက်က အဆောက်အအုံ ၈၀ ကျော် ထပ်မံပျက်စီးခဲ့လို့ ပြီးခဲ့တဲ့လကတည်းကဆိုရင် ချော်ရည်ကြောင့် ပျက်စီးတဲ့ နေအိမ်နဲ့အဆောက်အအုံ ၂၀၀ နီးပါးအထိ ရှိသွားပြီဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ ခါပိုဟိုဒေသအထက်ပိုင်းကို သွားနိုင်တဲ့လမ်းတွေ ချော်ရည်တွေမဖုံးခင် အဲဒီမှာ နေထိုင်သူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ပြောင်းရွှေ့ ပေးထားပါတယ်။ ခါပိုဟိုပင်လယ်အော်မှာ ကမ်းတလျောက် မိုင်ဝက်ကျော်ကျော်လောက် ချော်ရည်တွေ ပြည့်နေတယ်လို့  အရပ်ဘက်ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။
4 years Ago
Up