အမေရိကန် ကျဆုံးစစ်သည်

May 26, 2018

အမေရိကန် ကျဆုံးစစ်သည်များကို ဘိန်းပွင့်များဖြင့် နံရံတခု စိုက်ထူဂုဏ်ပြု

တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့မှာ ထောင်သောင်းချီတဲ့ ဘိန်းပွင့်တွေ ပုံသွင်း ပုံစံထုတ်ထားတဲ့ နံရံတခုကို စိုက်ထူ ဖွင့်လှစ်လိုက်ပါတယ်။ ၁၃၃ ပေကျယ်တဲ့ ဒီနံရံကို ဘိန်းပွင့်လို့ နာမည်ပေးထားပြီး အဝတ်စနဲ့ လုပ်ထားတဲ့ ဘိန်းပွင့်ပေါင်း ၆ သိန်း လေးသောင်း ငါးထောင်ကို ဖြည့်သွင်းထားပါတယ်။ ပန်းတပွင့်ချင်းစီဟာ ပထမကမ္ဘာစစ်ကတည်းက ခုထိ အမေရိကန် စစ်တပ်မှာ ကျဆုံးခဲ့တဲ့ စစ်သည်တဦးချင်းကို ကိုယ်စားပြုတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ပထမ ကမ္ဘာစစ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ မြောက်ပိုင်းက ဘိန်းခင်းတွေထဲက တိုက်ပွဲ အပြီး ကျဆုံးစစ်သည်တွေကို သတိရတဲ့ သင်္ကေတ အဖြစ် ဘိန်းပွင့်တွေကို သုံးခဲ့ကြပါတယ်။
3 years Ago
Up